နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်း လတ်တလောဖြစ်ပေါ်နေသော ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး အတွင်း လတ်တလောဖြစ်ပေါ် နေသော ပြင်းထန်ဝမ်းပျက်၊ ဝမ်း လျှောရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) ၌ ပြု လုပ်သည်။

ရှေးဦးစွာ  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း က အဖွင့်အမှာ  စကားပြောကြား သည်။

ထို့နောက် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမြင့်မြင့်သန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများဆောင်ရွက်နေမှု နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ သီတာလှက ဆေးရုံတွင် ကုသ ‌မှုပေးနေသော အခြေအနေများ နှင့်ကျန်းမာရေး ပြန်လည်ကောင်း မွန်နေမှုများကိုလည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီး 

(မြို့တော်ဝန်) ဦးဗိုလ်ဌေးက ယင်လုံအိမ်သာများ‌ ဆောက်လုပ် ပေးနေမှု အခြေအနေများ၊ ရေလှောင်ကန်များမှရေကို ရေသယ် ယာဉ်များဖြင့် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေ အနေများ၊ လူမှုရေးရာဝန်ကြီး ဦး‌ဌေးအောင်က မြေပြင်ကွင်းဆင်း တွေ့ရှိမှု အခြေအနေများ၊ အသိပညာပေးခြင်း လုပ်ငန်းများကို အောက်ခြေအဆင့် အထိရောက်ရှိအောင် ဆောင်ရွက်နေသည့်အခြေ အနေများ၊ ဆေးရုံအုပ်ကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးအတွင်း လတ်တလောဖြစ်ပေါ်နေသော ကူးစက် ရောဂါအခြေအနေများကို ကာကွယ်ထိန်းချုပ်နိုင်ရေး နည်းလမ်း မျိုးစုံသုံး၍ ဆောင်ရွက်နေသည့် အခြေအနေများကို ဆွေးနွေးတင်ပြ ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများအနေဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမူအဖွဲ့အစည်းများ စုပေါင်းအဖွဲ့များဖြင့် ရပ်ကွက်၊ စာသင်ကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘုန်းတော်ကြီးကျောင်း/သီလရှင်ကျောင်းများ၊ ဈေးများနှင့် လူစည်းကားရာနေရာများတွင် လက်ကိုင်အသံချဲ့စက် (Hand Speaker) များဖြင့် အသိပညာပေး ခြင်း၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းများဖြင့် အသိပညာပေးခြင်း များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ ရောဂါဖြစ်ပွားသည့် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကြိုတင်ကာကွယ်ရေး နည်းလမ်း များကို  တာဝန်ရှိသူအဆင့်ဆင့်က အများပြည်သူသိရှိလိုက်နာနိုင်ရေး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်၊ ဆေးရုံကြီးများတွင် ကြိုတင်ပြင် ဆင်ထားပြီးဖြစ်၍ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးအပိုင်းများ တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးရ မည့်လိုအပ်ချက်များရှိပါက ချက်ချင်းတင်ပြကြရန် လိုအပ်ကြောင်း၊ သို့မှသာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း နှင့်ကိုဗစ်ရောဂါ ဖြစ်ပွားစဉ်သကဲ့သို့ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့်အတိုင်း တာဝန်ရှိသူများက စေတနာထား၍ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။                 







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ