နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် နွားမှတစ်ဆင့် လူများထံ ကြက်ငှက်တုပ်ကွေးကူးစက်

ဝါရှင်တန်၊ ဇူလိုင် ၆

နို့စားနွားမွေးမြူရေးခြံမှ  ဝန်ထမ်း အမျိုးသားတစ်ဦးသည် မျက်လုံး ပန်းရောင်သမ်းကာ မျက်မြှေးရောင်ခြင်း အပါအဝင် အပျော့စား လက္ခဏာများ ခံစားရခြင်းကြောင့် ကြက်ငှက်တုပ်ကွေး ရောဂါရှိနေကြောင်း ကော်လိုရာဒို ပြည်နယ် ပြည်သူ့ကျန်းမာရေး တာဝန် ရှိသူများက ဇူလိုင် ၅ ရက်တွင် ထုတ်ပြန် သည်။ 

၎င်းသည် နို့စားနွား မွေးမြူရေးခြံ  တွင်ရောဂါပိုးရှိသည့် ကျွဲနွားများနှင့် ထိတွေ့ရာကတစ်ဆင့် ကူးစက်ခံရ သည်ဟု ယူဆရကာ ဗိုင်းရပ်စ် ပိုးသတ် ဆေးနှင့်ကုသမှုခံယူပြီးနောက် ပြန်လည် ကောင်းမွန်လာကြောင်း၊ ယခုဖြစ်စဉ် သည် အမေရိကန်တွင် ကြက်ငှက် တုပ်ကွေးရောဂါကူးစက်မှု စတုတ္ထမြောက် ဖြစ်ကြောင်း သိရသည်။

ယခင်ဖြစ်ပွားမှုများတွင်လည်း နို့စားနွားမွေးမြူရေးလုပ်သားများ ပါဝင် ပြီး ယင်းတို့သည် လတ်တလော ပြန် လည် ကောင်းမွန်နေပြီဖြစ်ကာပထမ အလုပ်သမားနှစ်ဦးသည် ပန်းရောင် မျက်လုံးလက္ခဏာ ပေါ်ပေါက်လာပြီး တတိယကူးစက်သူသည် အပျော့စား အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများရှိခဲ့ကြောင်း သိရသည်။

အမေရိကန်စိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်အရ မွေးမြူရေးခြံ ၁၃၉ ခုရှိ နွားများတွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကူးစက်ခဲ့ပြီး ကော်လိုရာဒို တွင်လည်း အဆိုပါရောဂါဖြစ်ပွားနေ သည့် ကျွဲနွား ၂၇ ကောင်ရှိကြောင်း သိရသည်။                                             








(ref: AFP)






အခြားဆက်စပ်သတင်းများ