နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေး

ကမ္ဘာကြီးသည် လွန်ခဲ့သော ရာစုနှစ်များကထက် ပို၍ပူနွေးလာ သည်။ ဤသည်ကို အကြောင်းပြု၍ ဒေသအသီးသီး ရာသီဥတု ဖြစ်စဉ်များ ပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြီး သည် ကမ္ဘာတစ်ခွင်တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည်ကို အချိန်နှင့်တစ်ပြေးညီ တွေ့မြင်နေရသည်။ ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်ရောက်မှုများကို တွေ့ကြုံခံစားနေရပြီဖြစ်သည်။

လူသားအားလုံး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ရာသီ ဥတုမျှတခြင်းသည် အဓိကအချက် ဖြစ်သည်။ စား၀တ်နေရေး၊ ကျန်းမာရေး၊လူမှုဘ၀သာယာ၀ပြောရေးတို့အတွက် သစ်ပင်၊ သစ် တောများသည် အလွန်အရေးပါသည့်အခန်းကဏ္ဍက ပါ၀င်လျက် ရှိသည်။ ယင်းအခြေအနေတွင် သစ်တောများကို စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းသည် အရေးပါသည်။

နိုင်ငံတော်က  ယခုနှစ်  မိုးရာသီတွင် နိုင်ငံပိုင် သစ်တော စိုက်ခင်းများအပါအ၀င် သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက် ပျိုးတည်ထောင်သွားမည်ဖြစ်ရာ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများတွင်သာမက သစ်တောမြေပြင်ပနေရာများ ဖြစ်သည့် ကျေးရွာများ၊ မြို့ပြများ၊ ပတ်၀န်းကျင်နေရာအသီးသီး တွင်လည်းကောင်း သင့်လျော်သည့်  အရိပ်ရအပင်များ၊ လေကာ ပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးကြရန် လိုအပ်သကဲ့သို့ သစ်ပင် သစ်တောများ  ထိန်းသိမ်းရန်၊  မြစ်ချောင်းတစ်လျှောက် သစ် ပင်များ စိုက်ပျိုးရန်၊ ဒီရေတောပင်များ စိုက်ပျိုးရန်နှင့် ထိန်းသိမ်း ရန် အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ဇူလိုင်၊သြဂုတ် လများတွင်ရေဘေး  အန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိခြင်း၊ မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှု အခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တို အတွင်း မိုးရေချိန်များပြားစွာ ရွာသွန်းမှုကြောင့် လျှပ်တပြက်  ရေကြီးခြင်းများ၊ တောင်ပြိုမြေပြိုခြင်းများကိုလည်း  ကြုံတွေ့ ရနိုင်သည်။

ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက် စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန် ရေဘေးမဖြစ်ပွားမီ ကြိုတင်ကာကွယ်ပြင်ဆင်မှုများကို မြို့နယ်သဘာ၀ဘေးအန္တရာယ်   ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီက စုဖွဲ့ကာ ပြည်သူများ၏ ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်စေချင်ကြောင်း ။       






အခြားဆက်စပ်သတင်းများ