နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
UFC Fight Night ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန်နှင့် အမေရိကန်ဖိုက်တာ ချားလ်ဂျွန်ဆင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်

ရန်ကုန်   ဇူလိုင်  ၆

အမေရိကန်နိုင်ငံ၌ ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည့် UFC Fight Night ပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်း(fly weight)စိန်ခေါ်ပွဲအဖြစ် မြန်မာဖိုက်တာဂျိုရှုအာဗန်နှင့် အမေရိကန်ဖိုက်တာ ချားလ်ဂျွန်ဆင် တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ဂျိုရှုအာဗန်သည် မေလကတည်းက ပွဲထိုးသတ်ရန် စီစဉ်သော် လည်းမကြာခဏ ပွဲပျက်ခဲ့ပြီး ဇွန် ၁၅ ရက်တွင် ရုရှားဖိုက်တာ အူလန်ဘီကော့ဗ်နှင့် ထိုးသတ်ရန် စီစဉ်ထားသော်လည်း ပွဲမထိုးခင် တစ်ရက်အလို ဆေးစစ်ပေါင်ချိန်ရာတွင် ရုရှားဖိုက်တာက အလေးချိန် ပိုနေခဲ့သဖြင့် ပွဲထပ်ပျက်ခဲ့ရကြောင်း သိရသည်။

ဂျိုရှုအာဗန်ဟာ MMA ကစားသမားဘဝက ၁၁ ပွဲထိုးသတ် ရာတွင် ၁၀ ပွဲနိုင် ၁ပွဲရှုံးနိမ့်ထားပြီး ယခု UFC နဲ့ လက်တွဲပြီးနောက် သုံးပွဲထိုးသတ်ရာ သုံးပွဲလုံး အနိုင်ရရှိထားကြောင်း တစ်ဖက်တွင် ပြိုင် ဘက်ကစားသမားဖြစ်သည့် အမေရိကန်ဖိုက်တာ ချားလ်ဂျွန်ဆင် သည် MMA ကစားသမားဘဝက ပွဲပေါင်း ၂၀ ကျော် ထိုးထားပြီး UFC နှင့်လက်တွဲပြီးနောက် ရှစ်ပွဲထိုးသတ်ရာ လေးပွဲနိုင် လေးပွဲရှုံးရလဒ် ကိုရရှိထားသည်။                       









အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ