နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး စာသင်ကျောင်းများ အထူးစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၆

ရန်ကုန်မြို့တော်နေပြည်သူ များ သန့်ရှင်းသောသောက်သုံး ရေရရှိရေး၊သန့်ရှင်းလတ်ဆတ် သောအစားအစာများ သုံးစွဲနိုင် ရေးနှင့် သန့်ရှင်းသာယာလှပ သော ပတ်ဝန်းကျင်ကောင်း တစ်ခုကို ပိုင်ဆိုင်နိုင်စေရန် နှင့်ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန် ရှိသူများနှင့် ဝန်ထမ်းများ အားလုံးတို့သည် ရန်ကုန်မြို့ တော်အား သန့်ရှင်းသာယာလှပ ပြီး ခေတ်မီဖွံဖြိုးတိုးတက်သော မြို့တော်ကြီးဖြစ်စေရေးအတွက် နေ့မအား ညမနား ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ မြို့ တော်နေပြည်သူများကလည်း မြို့တော်သန့်ရှင်းသာယာလှပ ရေးလုပ်ငန်းများတွင် တက်ညီ လက်ညီ ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို နေ့စဉ်ဆောင် ရွက်လျက်ရှိပြီး အပတ်စဉ် စနေ နေ့တိုင်းမှာလည်း ဘုရားပုထိုး စေတီများ၊ ဘုန်းတော်ကြီး ကျောင်းများ၊စာသင်ကျောင်း များ၊ဆေးရုံများနှင့် စျေးများတွင် စနေအထူးသန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦညီညီ၊ ကော်မတီဝင်များ၊ဌာနမှူးများ နှင့်တာဝန်ရှိသူများလိုက်ပါ လျက် ယနေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ မရမ်းကုန်း မြို့နယ်၊ လမ်းမတော်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ  အခြေခံပညာကျောင်းများတွင် သန့်ရှင်းသာယာရေးဆောင် ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ပံ့ပိုးဆောင်ရွက်ပေးသည်။ 

မြို့တော်ဝန်နှင့်အဖွဲ့သည်ယနေ့နံနက် ၇ နာရီက ကမာရွတ် မြို့နယ်၊ ဦးဝိစာရလမ်းရှိ အမှတ် (၁)၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်      မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊လူမှု ရေးအသင်းအဖွဲ့များ၊ရပ်ကွက် နေပြည်သူများပူးပေါင်းအင်အား (၁၅၀)ဦးဖြင့်လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ရေစက် လမ်းရှိ အမှတ်(၄)၊ အခြေခံ ပညာအထက်တန်းကျောင်း တွင် မရမ်းကုန်းမြို့နယ်၊ စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှု ရေးအသင်းအဖွဲ့များ၊ရပ်ကွက် နေပြည်သူများ ပူးပေါင်း အင်အား (၉၀)ဦးဖြင့် လည်း ကောင်း၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ အမှတ် (၁)၊အခြေခံပညာအထက်တန်း ကျောင်းတွင် လမ်းမတော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ် မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း အင်အား (၁၆၀) ဦးဖြင့် လည်း ကောင်း၊မင်္ဂလာတောင်ညွန့် မြို့နယ်၊သိမ်ဖြူလမ်းရှိ အမှတ် (၁)၊ အခြေခံပညာအထက်တန်း ကျောင်းတွင်              

မင်္ဂလာတောင်ညွန့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ် ချုပ်ရေးမှူးတို့၏ ကြီးကြပ် မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း အင်အား (၁၀၀) ဦးဖြင့်လည်း ကောင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း    အလင်းဖွင့်ဆောင်ရွက်နေမှု၊ သစ်ရွက်ကြွေအမှိုက်များရှင်း လင်းနေမှု၊သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ဖုံး၊ သွန်၊လဲ၊စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က အဆောက်အဦ တွယ်ကပ်ပင်များနှင့်အဆောက် အဦအမိုးပေါ်ရှိ အမှိုက်များ ရှင်းလင်းရန်၊ ဝင်းအတွင်းရေနုတ် မြောင်းရေစီးရေလာကောင်းမွန် ရေး ဆောင်ရွက်ရန်နှင့် အမှိုက် များကို အပြောင်ရှင်းစနစ်ဖြင့် တစ်ပါတည်းသိမ်းဆည်းရှင်း လင်းရန်၊ အဆောက်အဦနှင့် ထိစပ်နေသည့် သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားရန် မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

အဆိုပါ စာသင်ကျောင်း များတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ကမာရွတ်မြို့ နယ် အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာနှင့် ဒီဇင်ဘာတို့တွင် တစ်ကြိမ်စီ၊ ၂၀၂၄ ခုနှစ်၊ ဧပြီနှင့် ဇူလိုင် တို့တွင် တစ်ကြိမ်စီ စုစုပေါင်း လေးကြိမ်၊မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)၊အခြေခံပညာအထက် တန်းကျောင်းတွင် ဧပြီတွင် တစ်ကြိမ်၊ ဇူလိုင်တွင် တစ် ကြိမ် စုစုပေါင်း နှစ်ကြိမ်၊ လမ်းမတော်မြို့နယ်၊အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ဧပြီအတွင်း လေး ကြိမ်၊ မေအတွင်း လေးကြိမ်၊ ဇူလိုင်အတွင်း နှစ်ကြိမ်စုစုပေါင်း (၁၀)ကြိမ်၊မင်္ဂလာတောင်ညွန့် မြို့နယ်၊ အမှတ် (၁)၊ အခြေခံ ပညာအထက်တန်းကျောင်း တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ က တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၊ မတ်၊  မေနှင့် ဇူလိုင် တို့တွင် တစ်ကြိမ်စီ စုစုပေါင်း ငါးကြိမ် ဆောင်ရွက်ပြီးဖြစ် သည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် မရမ်းကုန်းမြို့ နယ်၊ အမှတ်(၈)ရပ်ကွက်၊ပြည် လမ်းနှင့် ပါရမီလမ်းဆုံနေရာ တွင် အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား)က ပြည်လမ်းနှင့် ပါရမီလမ်းကို အရှည်ပေ ၅၀၀၊ အကျယ် ၇ ပေ၊ ထု ၉ လက်မ ကွန်ကရစ်လမ်းသားတိုးချဲ့ခင်း ကျင်းနေမှုကို ကြည့်ရှုစစ်ဆေး ပြီး မြို့တော်ဝန်က သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းနှင့် အညီ အမြန်ပြီးစီးရေးဆောင်ရွက်ရန်၊ရေစီးရေလာကောင်းမွန်စေရန် လမ်းဘေးရေမြောင်းများ စနစ်တကျ ဖောက်လုပ်ထားရှိ ရန်၊ လမ်းသားတိုးချဲ့ခြင်းလုပ်ငန်း ပြီးစီးပါက လမ်းညွှန်အမှတ် အသားများစနစ်တကျရေးဆွဲထားရှိရန်မှာကြားကာလိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် လမ်းမတော်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ကျုံးကြီး လမ်းနှင့်လှည်းတန်းလမ်း ထောင့်ရှိ အမှတ်(၂)၊အခြေခံ ပညာအထက်တန်းကျောင်း တွင် ကျောင်းသား ၊ ကျောင်းသူ များ နေဒဏ်မိုးဒဏ်ခံနိုင်ရန် ကျောင်းအဆောက်အဦပတ် လည်     Sunshade    အမိုးများပြု  လုပ် ရန်နှင့်လှည်းတန်းလမ်းထိပ် ရှိ ကျုံးကြီးရေမြောင်းရေစီးရေ လာအခြေအနေကိုကြည့်ရှုစစ် ဆေးပြီး ရေမြောင်းနံရံရှိ တွယ် ကပ်ပင်များရှင်းလင်းရန်၊ရေ မြောင်းများရေစီးရေလာကောင်း မွန်စေရန် ရေမြောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး ပြည်သူများအား အသိပညာပေး စည်းရုံးမှုများ လုပ်ဆောင်ရန် မြို့တော်ဝန်က မှာကြားပြီး လိုအပ်သည်များဖြည့် ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ ကျုံးကြီးရေမြောင်း သည်ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးအတွင်းမှစတင်စီးဆင်းပြီး ရွာသစ်ချောင်းမှတစ်ဆင့် ရန်ကုန်မြစ်အတွင်း စီးဝင် ကြောင်း သိရသည်။

 








သတင်း-ရဲနန္ဒာလင်းမြင့်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ