နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငမိုးရိပ်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ သည် ယမန်နေ့နံနက်ပိုင်းက ငမိုး ရိပ်ချောင်းတစ်လျှောက် ရေစီး ရေလာကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်ထားမှုများကို သွား ရောက်ကြည့်ရှုစစ်ဆေးကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိရေထိန်းတံခါးသို့ ရောက်ရှိရာ၊ ရှင်းလင်းဆောင်တွင်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြား ရေးမှူး ဦးကျော်နိုင်ဦးနှင့်တာဝန် ရှိသူများက ၂၀၂၃ ခုနှစ် မိုးနှောင်း ရာသီ အောက်တိုဘာ ၇ ရက် နှင့် ၈ ရက်တို့တွင် နှစ်ရက် ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်း၍ မိုးရေချိန် ၁၁ လက်မ ကျော်အထိရှိခဲ့ရာ၊ လှည်းကူးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် များရှိ အနိမ့်ပိုင်းနေရာတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ ကြောင်း၊ ထို့ကြောင့် ရေကြီးရေ လျှံမှု လျော့နည်းသက်သာစေ ရေးအတွက် ငမိုးရိပ်ချောင်း ရေစီးရေလာကောင်းမွန်စေရန် နုန်းများတူးဖော်ခြင်း၊ ငမိုးရိပ် ချောင်းနှင့်ဆက်စပ်နေသည့် ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်းများကို တူးဖော် ၍ ရေစီးဆင်းမှု ကောင်းမွန် အောင်ဆောင်ရွက်ခဲ့မှု၊ ရေတံခါး များ၊ တာတမံများကိုတောင့်တင်း ခိုင်မာအောင်ပြုပြင်ထိန်းသိမ်း ၍ ရေဘေးအန္တရာယ်ဖြစ်ပေါ် မှုမှ လျှော့ချကာကွယ်ပေးနိုင် ရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေတံခါးအောက် ပိုင်း နုန်းစုပ်သည့်လုပ်ငန်းကို ချောင်းအလျားအတိုင်း ဖယ်ရှား သွားရန်၊ ချောင်းအတွင်းမျော လာသော ဒိုက်နှင့် ဗေဒါများကို ကမ်းပေါ်ဆွဲတင်ပြီး ရေလမ်း ကြောင်း ပိတ်ဆို့မှုမရှိစေရန် စဉ်ဆက်မပြတ်ဆယ်ယူ ဆောင် ရွက်ရန်နှင့်လိုအပ်သည်များ မှာ ကြားသည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ