နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီကွေဒေါကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အာဂျင်တီးနား အနိုင်ရ ကိုပါ အမေရိကဖလား ဆီမီးဖိုင်နယ်တက်

ဇူလိုင် ၅

ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီး နားအသင်းနှင့် အီကွေဒေါအသင်းတို့ ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင် ကစားကြရာ အာဂျင်တီးနားအသင်းက ဂိုးသမား မာတီနက်ဇ်၏ လက်စွမ်းပြမှုနှင့်အတူ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးဆီမီး ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် နှစ်သင်းစလုံးက အဓိက ကစားသမားအစုံ အလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ကွာတားဖိုင်နယ်  ပွဲစဉ်ဖြစ်သည်နှင့်အညီ အကြိတ်အနယ်ရှိခဲ့သည်။ ဂိုးရရှိရေး အပြန်အလှန်တိုက်စစ်ဆင်ကစား ခဲ့သော်လည်း နှစ်သင်းစလုံး၏ ခံစစ်က အကောင်းဆုံးပုံစံတွင် ရှိနေ ခြင်းကြောင့် ကျော်ဖြတ်ရန် ခက်ခဲနေခဲ့ကာ ဂိုးကန်သွင်းခွင့် အနည်း ငယ်သာ ဖန်တီးနိုင်ခဲ့ကြသည်။ 

သို့သော် ပွဲကစားချိန် ၃၅ မိနစ်တွင် မာတီနက်ဇ်၏ ခေါင်းတိုက်ဂိုး ဖြင့် အာဂျင်တီးနားအသင်း ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။ 

ထို့နောက် ပွဲချိန် ၆၂ မိနစ်တွင် အီကွေဒေါအသင်း ပင်နယ်တီရရှိ ခဲ့ပြီး ဗလင်စီယာ၏ ကန်ချက်တိုင်ထိခဲ့ခြင်းကြောင့် အာဂျင်တီးနား အသင်းသက်သာရာရခဲ့သော်လည်း ပွဲပြီးဆုံးရန် သုံးမိစနစ်အလိုတွင် ရိုဒရီဂွက်ဇ်က အီကွေဒေါအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ ကာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။

ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အချိန်ပိုမကန်ဘဲ ပင်နယ်တီ အဆုံးအဖြတ်ခံယူရာ အာဂျင်တီးနားအသင်းက မက်ဆီတစ်ဦးတည်း သာ ဘားတိုင်ထိခဲ့သော်လည်း ကျန်ကစားသမားလေးဦးစလုံး ဂိုး ဝင်ခဲ့ပြီး အီကွေဒေါအသင်း၏ ပင်နယ်တီနှစ်လုံးကို ဂိုးသမား မာတီ နက်ဇ်က ကာကွယ်နိုင်ခဲ့ခြင်းကြောင့် နည်းပြ စကာလိုနီ၏ အာဂျင်တီး နားအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး  ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဆီမီးဖိုင်နယ်အဆင့်တွင် အာဂျင်တီးနားအသင်းသည်ဗင်နီဇွဲလား သို့မဟုတ် ကနေဒါအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ