နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငါးပုစွန်သယံဇာတများ ရေရှည်တည်တံ့စေရေး

မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင်များပေါများပြီး ငါးနှင့်  ရေသယံဇာတပိုင်ဆိုင်မှု ကမ္ဘာ့အဆင့် ၁၄ တွင် ရှိသည်။ ရေချိုငါး ထုတ်လုပ်မှုအနေဖြင့် အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်းငါးထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းရှိသည်။

နိုင်ငံတော်တွင်  လူဦးရေတိုးတက်များပြားလာခြင်း ကြောင့် လူနေမြို့ရွာများ တိုးချဲ့လာခြင်းကြောင့် ငါးပုစွန်ဖမ်းဆီးမှု ပိုမို များပြားလာခြင်း၊ လူနေမြို့ရွာများ တိုးချဲ့လာခြင်းကြောင့် ငါးပုစွန်များ ပေါက်ဖွားရာနေရာများ ပျောက်ကွယ်သွားခြင်း၊ ငါးနေ ငါးထိုင်များ လျော့နည်းသွားခြင်း စသည့်အကြောင်းများကြောင့် ငါးပုစွန် သယံဇာတများ လျော့နည်းရှားပါးလာခြင်းနှင့်အတူ ငါးပုစွန်ထုတ် လုပ်နိုင်မှုမှာလည်း လျော့ကျလာလျက်ရှိသည်။

ပြည်တွင်း ရေချိုငါးထုတ်လုပ်မှုတိုးတက်လာရေး၊ ငါးသယံ ဇာတများ ‌ရေရှည်တည်တံ့နိုင်ရေးအတွက် ကောင်းမွန်စွာ ပြည့်စုံ သည့် စီမံခန့်ခွဲမှု လိုအပ်လာသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနက ဇူလိုင် ၅ ရက် ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်စစ်ပင်တောင်ကျေးရွာအနီး ငမိုးရိပ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီး ဌာန ဆိုင်ရာတာဝန်ရှိသူများ ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိသူများက    ငါးမြစ်ချင်းကောင်ရေ တစ်သိန်းခွဲ ၊ ငါးခုံးမကောင်ရေ တစ်သိန်းခွဲကို   ငမိုးရိပ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေး ထောင့်ကန်ငါးလုပ်ငန်းစခန်းတို့ ရွှေဝါငါးကြင်းသားပေါက်ကောင် ရေ သုံးသိန်း၊ ငါးခုံးမကြီးသားပေါက် ကောင်ရေသုံးသိန်းနှင့် ငါး မြစ်ချင်းသားပေါက်ကောင်ရေ နှစ်သိန်းတို့ကို ဒဂုံ(အရှေ့ပိုင်း)မြို့နယ်ရှိ  မအူချောင်းအတွင်း ယခုနှစ်တွင် ငါးမျိုးစိုက်ထည့်ပေး ခဲ့သည်။

ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိန်းနိုင်ရေး၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့စားသုံးနိုင်ရေး၊ ငါး လုပ်ငန်းဖြင့်  အသက်မွေးဝမ်းကျောင်းနေသူများ အကျိုးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် ငါးမျိုးစိုက်ထည့်ခြင်းသည် အရေးပါသော လုပ်ဆောင်မှုဖြစ်ပါကြောင်း   ။    






အခြားဆက်စပ်သတင်းများ