ရန်ကုန် ဇူလိုင် ၅
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ၊ ပြည်သူ့ ကျန်းမာရေးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါမျိုးစိတ်သစ် Omi-cron B.A 4/5 နှင့် XBB ကို ကာကွယ်နိုင်ရန် ယမန် နေ့နံနက် ၉ နာရီက ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ (၁၂) ထပ်ခွဲရုံး ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ ကော်မတီရှိ အသက် (၁၈) နှစ် နှင့် (၄၀)နှစ်ကြား ဝန်ထမ်းများနှင့် မိသားစုဝင်များကို Pfizer Monovalent Vaccine၊ အသက် (၄၀)နှစ်နှင့်အထက် ဝန်ထမ်းများနှင့် မိသားစုဝင်များကို Pfizer Bivalent ဆေးကို မိသားစုဝင်(၇၀၀) ကျော်တို့အား ထိုးနှံပေးသည်။
မိုးမြင့်မောင်