နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန်   ဇူလိုင်  ၅

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည်  ကော်မတီဝင် များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက် ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဘုရင့်နောင်တံတား အောက် ပန်းခြံတည်ဆောက် ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ရန်ကုန်-ပုသိမ်လမ်း တောင် ဘက်ခြမ်း  ညောင်ချောင်းရေ ထိန်းတံခါးသို့ စီးဆင်းသည့် ရေမြောင်း ရေစီးရေလာကောင်း မွန်ရေးဆောင်ရွက်နေမှု၊လှိုင် သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ ရန်ကုန်-ပုသိမ် လမ်းနှင့် ရန်ကုန်-ညောင်တုန်း လမ်းဆုံရှိ ဘုရင့်နောင်တိုးချဲ့ ပန်းခြံတည်ဆောက်ရေးလုပ် ငန်း ဆောင်ရွက်နေမှု၊(၁၄)ရပ်ကွက်ရှိ ဦးဖိုးလှိုင် လမ်း လမ်းသားတိုးချဲ့ကွန်ကရစ် ခင်းကျင်းနေမှုတို့ကို သွား ရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲ တွင်   လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၄) ရပ်ကွက်၊ဘုရင့် နောင်တံတား‌သို့ သွားရောက် ၍ ဘုရင့်နောင်တံတားအောက် ပန်းခြံရှိ ရေကန်ကို အင်ဂျင် နီယာဌာန (ရေစီး‌ရေလာစီမံ ခန့်ခွဲမှု)က ရေထိန်းတံခါးပြုပြင် နေမှု၊ မိုးရွာသွန်းမှုကြောင့် တံတားပေါ်ကကျသည့်ရေများ စနစ်တကျ စီးဆင်းမှုရှိစေရေး ရေမြောင်းများ ဖောက်လုပ်နေမှု၊ ပန်းဥယျာဉ်နှင့်အားကစား ကွင်းများဌာနက မြေယာရှုခင်း ကောင်းမွန်စေရန်ယိုးဒယား ဘဲစားမြက်၊ စင်္ကာပူချယ်ရီပင် များ၊ ဘွန်ဆိုင်းပင်များ၊ရောင်စုံ စက္ကူပန်းပင်များနှင့် Poulo- wnia ပင်စိုက်ပျိုးထားရှိမှု၊ တံတားအောက် တွင် ယာဉ်ရပ်နားရန်ဆောင် ရွက် ထားရှိမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ပန်းခြံအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာ ကြားကာ လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၄) ရပ်ကွက်၊ ဘုရင့် နောင်တံတား‌အမှတ်(၁)အနီး ရန်ကုန်-ပုသိမ်လမ်း တောင် ဘက်ခြမ်း ရေစုကန်ရေမြောင်း မှ ညောင်ချောင်းရေတံခါးသို့ စီးဆင်းသည့် အရှည်ပေ ၂၀၀၀၊ အကျယ် ၈ ပေ၊ အနက် ၅ ပေရှိ ရေမြောင်းကို အင်ဂျင် နီယာဌာန(ရေစီးရေလာစီမံ ခန့်ခွဲမှု)က စက်ယန္တရားဖြင့် တူးဖော် ရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊  (၇) ရပ် ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံတိုးချဲ့တည် ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)က အလျား ၁၀၈ ပေ၊ အနံ ၅၈ ပေ ဘက်စုံသုံး  အဆောက်အဦ တည်ဆောက်နေမှု၊ ဘုရင့်နောင် ပန်းခြံတိုးချဲ့မြေနေရာနှင့် ရန်ကုန်-ညောင်တုန်းလမ်း ကြားရှိရေမြောင်းကိုအင်ဂျင် နီယာဌာန (ရေစီး‌ရေလာစီမံ ခန့်ခွဲမှု)က ဘုရင့်နောင်တိုးချဲ့ ပန်းခြံမှ အင်းဂလိုင်ချောင်းအထိ အရှည်ပေ ၅၀၀၀၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်းတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က ဘက်စုံ သုံး အဆောက်အဦပတ်လည် ရေဝပ်မှုမရှိစေရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်  အညီ အမြန်ပြီးစီးရေးနှင့်လုပ်  ငန်းခွင်အန္တရာယ်ကင်းရှင်းရေး တို့ကို ဆောင်ရွက်ရန် မှာကြား ကာ လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးသည်။ ဘုရင့်နောင်ပန်းခြံ တိုးချဲ့မြေ နေရာတွင် ပျော်ပွဲရွှင်ပွဲကျင်းပ ရာ နေရာ၊ အလျား ၁၀၈ ပေ၊ အနံ ၅၈ ပေရှိသည့် ဘက်စုံ သုံးအဆောက်အဦ၊ အလျား ၁၂၅ ပေ၊ အနံ ၃၀ ပေရှိသည့်ရေစု ကန်နှင့်ရေတွန်းစက်၊ သန့်စင် ခန်း နှင့် ကားရပ်နားရန် နေရာ များ ပါရှိမည်ဖြစ်သည်။

ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊(၁၄)ရပ် ကွက်ရှိ ဦးဖိုးလှိုင်လမ်း၊ လမ်း ဘေးဝဲ/ယာတွင် (မန္တလေးလမ်း မှညောင်တုန်းလမ်းအထိ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)က အရှည်ပေ ၁၆၀၀၊ အကျယ် ၁၃ ပေ၊ ထု ၁၄လက်မရှိ ကွန်ကရစ်လမ်းသား တိုးချဲ့ခင်း ကျင်းနေမှုကို ကြည့်ရှုစစ်ဆေး ပြီးလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။









သတင်း-မိုးမြင့်မောင် ဓာတ်ပုံ-ရဲမင်းထွန်း






အခြားဆက်စပ်သတင်းများ