နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ငမိုးရိပ်ချောင်းအတွင်းသို့ ငါးသားပေါက် ကောင်ရေ သုံးသိန်း ငါးမျိုးစိုက်ထည့်

ရန်ကုန်၊ ဇူလိုင် ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက  ယနေ့နံနက်ပိုင်းတွင်ဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ် စစ်ပင်တောင်ကျေးရွာအနီး ငမိုးရိပ် ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပ သည်။ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ငမိုးရိပ်ချောင်းအတွင်းသို့ ငါးမြစ်ချင်း ကောင်ရေ တစ်သိန်းခွဲ (၁၅၀၀၀၀)နှင့် ငါးခုံးမ ကောင်ရေ တစ်သိန်းခွဲ (၁၅၀၀၀၀) ငါးမျိုး စိုက်ထည့်ပေးကြသည်။

ယခုနှစ်တွင် ဒဂုံ(အရှေ့ပိုင်း) မြို့နယ်ရှိ မအူချောင်းအတွင်းသို့ လှော်ကားငါးလုပ်ငန်း စခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်း တို့မှ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ သုံးသိန်း၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ သုံးသိန်းနှင့် ငါးမြစ်ချင်းသားပေါက်ကောင် ရေ နှစ်သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ရှစ်သိန်း ငါးမျိုး စိုက်ထည့်ပေးခဲ့ပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့စေရန်၊  ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  ငါး သားပေါက်ကောင်ရေ (၁၀၃ ဒသမ ၆၀) သိန်းကို မျိုးစိုက်ထည့်ရန် လျာထားသည်။








ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ