ရန်ကုန်၊ ဇူလိုင် ၅
အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၂) ကြိမ်မြောက်ဘွဲ့နှင်းသဘင် နှင့်ဒီပလိုမာအောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယမန် နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် အဓိပတိအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အကျိုးတော်ဆောင်ဆရာတော် မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်၊ မစိုးရိမ်တိုက် သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းတိုက် ပဓာနနာယက ဆရာတော် အပြည်ပြည်ဆိုင် ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယအဓိပတိအဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသအမှူးပြုသော ဆရာတော် ကြီးများ၊ တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြု သော သင်ကြားဆရာတော်ကြီးများ၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာတော်ကြီးများ၊ သင်ကြားသီလရှင်ဆရာကြီးများ ကြွရောက် တော်မူကြပြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ပနိုင်ငံများမှ သံအမတ်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဘွဲ့ရသင်တန်းသားများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကိုယ်စား အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တဝါ သေဋ္ဌာဘိဝံသက "သာရဏီယ အဖွင့်ဩဝါဒကထာ" ကို မိန့်ကြား ချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအေးထွန်းက ဂုဏ်ယူဝမ်းမြောက် စကားလျှောက်ထားရာ တွင် ယနေ့ကျင်းပသည့် (၂၂) ကြိမ်မြောက် တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (ဗုဒ္ဓဓမ္မ) လေးပါး၊ မဟာဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) (၁၈) ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) (၃၃) ပါး/ဦး၊ ဒီပလိုမာအောင်လက်မှတ်ရရှိသူ (၇၄) ပါး/ဦး၊ စုစုပေါင်း (၁၂၉) ပါး/ဦးကို သက်ဆိုင်ရာ ဘွဲ့အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရ၍ ဗုဒ္ဓ၏ တရားတော်များကို လေ့လာဆည်းပူးခဲ့ကြသည့် သင်တန်းသားများ၏ အောင်မြင်မှုကို လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ဤတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကြသည့် ပြည်တွင်း/ပြည်ပ ရဟန်း၊ သီလရှင်၊ လူ ပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံဒေသအသီးသီး ရှိ သာသနာရေးဆိုင်ရာ ဗျူရိုဌာနများနှင့် ၎င်းဒေသနိုင်ငံများရှိ ဗုဒ္ဓဘာသာတက္ကသိုလ်များတွင် အဆင့်မြင့်ရာထူးများ ခန့်အပ် တာဝန်ပေးခြင်းခံရသည်ဟု သိရသည့်အတွက် လွန်စွာကျေနပ် အားရမိပါကြောင်း၊ ဤတက္ကသိုလ်မှ သင်ကြားဆရာတော်ကြီးများ အနေဖြင့်လည်း သင်တန်းသားများအား အရည်အချင်းပြည့်ဝစေရန် အတွက် ပြည်တွင်း/ပြည်ပ သင်တန်းသားများအား ထေရဝါဒဓမ္မ လက်ဆောင်များ သင်ကြားဖြန့်ဝေပေးခြင်းဖြင့် ကမ္ဘာသူကမ္ဘာသား တို့၏ ကောင်းကျိုးများ ရရှိစေရန်အတွက် ကြိုးပမ်းနေကြကြောင်း သိရသဖြင့် သင်ကြားဆရာတော်များနှင့် သင်တန်းသားများ အားလုံး အတွက် အထူးဂုဏ်ယူဝမ်းမြောက်ရပါကြောင်း လျှောက်ထား သည်။
ထို့နောက် ပါမောက္ခချုပ်ဆရာတော်က ဘွဲ့ရကျောင်းသားများ ကို တက္ကသိုလ်အဓိဋ္ဌာန် အမေး/ အဖြေပြုပြီး သင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း/ပြည်ပ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၂၉) ပါး/ဦးတို့ကို ဘွဲ့၊ အောင်လက်မှတ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းတော်မူသည်။
ဆက်လက်၍ ဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ)တန်းတွင် ပညာရည်ချွန် ထူးချွန်ဆုရရှိသော (Gold Medalist) ထူးချွန် ရွှေတံဆိပ်ဆုရှင် မြန်မာသင်တန်းသား ရဟန်းတော် ဘဒ္ဒန္တဗာကုလအား တက္ကသိုလ် က ချီးမြှင့်သည့် ရွှေစင်ရွှေပြား တစ်ကျပ်သား ဆုတံဆိပ်ကို ပါမောက္ခ ချုပ်ဆရာတော် (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဆက်ကပ်လှူဒါန်း ချီးမြှင့်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည် တော်များနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများအား ပါမောက္ခ ချုပ်ဆရာတော် (ကိုယ်စား) ဒုတိယပါမောက္ခချုပ်(စီမံ)ဦးဇော်ဇော်ဦး က တက္ကသိုလ်ပုံ ကျောက်စီပန်းချီကားချပ်များကို ဂုဏ်ပြုပေးအပ် သည်။
ဆက်လက်၍ ပါမောက္ခချုပ်ဆရာတော်က “ဘွဲ့မှတ်တမ်းမော်ကွန်း စာအုပ်" တွင် လက်မှတ်ရေးထိုးတော်မူပြီး ဘွဲ့ရကျောင်းသားများ ကို ဆုံးမဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ပနိုင်ငံ များနှင့် ပြည်တွင်းမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူ ပုဂ္ဂိုလ်များ တက်ရောက်သင်ကြားလျက်ရှိကာ ယနေ့အချိန်အထိ တက္ကသိုလ်သို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်းပြည်ပ သင်တန်းသားများမှ ပါရဂူဘွဲ့ရရှိသူ ၄၉ ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရ ရှိသူ ၂၅၁ ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ ရရှိသူ ၈၇၄ ပါး/ဦး၊ ဒီပလိုမာ အောင်လက်မှတ်ရရှိသူ ၁၃၅၀ ပါး/ဦး၊ စုစုပေါင်း ၂၅၂၄ ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပြည် တွင်း/ ပြည်ပသင်တန်းသား စုစုပေါင်း ၃၄၃ ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
မြန်မာနိုင်ငံ၌ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာကို ပြည်တွင်း ၌သာမက ပြည်ပမှပါ မည်သူမဆို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ သင်ယူနိုင်စေရန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးကို ဖွင့်လှစ်ခဲ့ပြီး ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာနှင့် ပါဠိဘာသာရပ်များအပြင် သမထနှင့် ဝိပဿနာဟူသော ဗုဒ္ဓဓမ္မ ကျင့်စဉ်များကိုပါ တက္ကသိုလ်အနေဖြင့် လက်တွေ့ကျကျသင်ကြား ပေးလျက်ရှိကြောင်း သိရှိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)