ဇွန် ၂၇
မန်ယူအသင်းတွင် အနာဂတ် မရေမရာဖြစ်နေသည့် လူငယ် တောင်ပံကစားသမား ဂရင်းဝုဒ် ကို လာဇီယိုအသင်းက ပြောင်း ရွှေ့ကြေး စတာလင်ပေါင် ၁၇ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ပယ်ချခဲ့ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် ပြီးခဲ့သည့်နှစ် နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလက မန်ယူအသင်းမှ ဂီတာဖေးအသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့ရာ ဂီတာဖေးအသင်းတွင် အကောင်းဆုံး ခြေစွမ်းပြသနိုင် ခဲ့ပြီး အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ထိပ်တန်းကလပ်အသင်းများက အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေ ခြင်းဖြစ်သည်။
မန်ယူအသင်းက ဂရင်းဝုဒ် ကို အသင်းသို့ ပြန်လည်ခေါ်ယူ မည်မဟုတ်ဘဲ လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် ရောင်းချရန် ဆုံးဖြတ်ထားပြီး ကမ်းလှမ်းမှု များကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ထားသော်လည်း လာဇီ ယိုအသင်း ကမ်းလှမ်းခဲ့သည့် ပြောင်းရွှေ့ကြေးမှာ နည်းပါးနေ သည့်အတွက် ပယ်ချခဲ့ခြင်းဖြစ် သည်။
လာဇီယိုအသင်းက ပြောင်း ရွှေ့ကြေး စတာလင်ပေါင် ၁၇ သန်းအပြင် အခြားအသင်းထံ ပြန်လည်ရောင်းချမည်ဆိုပါက ပြောင်းရွှေ့ကြေး ၅၀ ရာခိုင်နှုန်း ပေးချေသွားမည့်အချက်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း မန်ယူ အသင်းက အနည်းဆုံး ပြောင်း ရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ ထိ အလိုရှိနေခြင်းဖြစ်သည်။
သူရိန်