နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသိတရားဖြင့် ဆင်ခြင်ထိန်းသိမ်း စောင့်စည်းကြရမည်

ကျွန်ုပ်တို့ နေ့စဉ်သွားလာ၊ စားသောက်လုပ်ကိုင်လျက်ရှိကြ သည်မှာ မည်သို့သွားလာရမည်။ နေထိုင်ရမည်ဆိုသည်ကို အသိ တရားဖြင့် ဆင်ခြင်ထိန်းသိမ်းစောင့်စည်းကြရသည်။ လူ့ကျန်းမာ ရေးတွင် အဓိကလိုအပ်သည့် ကံ၊ စိတ်၊ ဥတု၊ အာဟာရသည် ကျန်းမာရေးအပေါ် များစွာမူတည်နေသည်။ အသက်ရှင်နေထိုင်နိုင် ရေးအတွက် အာဟာရကို နေ့စဉ်လူတိုင်း မှီဝဲနေရသည်။ သို့သော် ငွေကြေးမတတ်နိုင်သည့်အခါ အပြည့်အဝမှီဝဲနိုင်ကြမည် မဟုတ်ပေ။

ယနေ့လူတို့သည် မိမိအလုပ်ကို အချိန်အကန့်အသတ်မရှိ အားသွန်ခွန်စိုက် လုပ်ကိုင်နေကြသူများသည်။ ယခင်နှင့် မတူ ကြိုးစားဆောင်ရွက်ရမည့် အခြေအနေများလည်းဖြစ်သည်။ အလုပ်ကိုမနားမနေ ကြိုးပမ်းဆောင်ရွက်သူသည် ကောင်းမွန် သော်လည်း ကျန်းမာရေးအတွက် ငဲ့ကွက်ရမည်မှာ အမှန်ဖြစ် သည်။ ကျန်းမာမှသာ မိမိအလုပ်ကို ရှည်ကြာစွာ လုပ်ကိုင်နိုင်မည် ဖြစ်သည်။ 

ယနေ့အခြေအနေတွင် ဆက်သွယ်ရေးနည်းပညာ လျှင်မြန် မြင့်မားစွာ တိုးတက်မှုသည်ကား အံ့မခန်းပင်။ လူ့ဘောင်ဝန်းကျင် နယ်ပယ်တွင်လည်းကောင်း တစ်ဦးနှင့်တစ်ဦး၊ တစ်မြို့နှင့် တစ်မြို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးယှက်နွှယ် ဆက်သွယ်နေကြသည်။ ဆက်သွယ်ရေးနည်းပးညာနှင့်အတူ အင်တာနက်၊ လူမှုကွန်ရက် များမှ အတတ်ပညာ၊  အသိပညာနှင့်  ယဉ်ကျေးမှုများလည်း ထိုးဖောက်ဝင်ရောက်လာသည်။ အသိပညာ၊ အတတ်ပညာများ လေ့လာသင်ကြားခွင့် ရရှိလာကြသည်။

မိမိအလုပ်ကို အချိန်ကြာရှည်စွာ ထိုင်၍ လုပ်ကိုင်ကြသော သူများသည် လူ့သက်တမ်းကာလ မကြာရှည်ဘဲ တိုကြသည်ဟု ကျန်းမာရေးစစ်တမ်းများက ဖော်ပြကြသည်။ လူဟူသည် ၂၄ နာရီ အတွင်း အလုပ်လုပ်ချိန်၊ နားချိန်၊ စားချိန်၊ အိပ်ချိန်၊ အပန်းဖြေချိန် ဟူ၍ သူ့အချိန်နှင့်သူ ရှိသင့်သည်။ လူ့ခန္ဓာကိုယ်အား အချိန် အတိုင်းအတာဖြင့် ခွဲခြားလုပ်ကိုင်နိုင်ပါမှ စွမ်းအားပြည့်အလုပ် လုပ်နိုင်မည် ဖြစ်သည်။

တစ်ခါတစ်ရံ မှားမှန်းမသိ မှားနေကြသည့် အပြုအမူများ အလျင်စလို လုပ်တတ်သောအကျင့်များလည်း ရှိကြသည်။ မိမိ လုပ်ဆောင်ဖွယ်ရာများကို အရှည်ကြာမြင့်စွာ လုပ်ကိုင်နိုင်ရေး အလုပ်လုပ်မှု နာရီအနည်းငယ်ကြာတိုင်း အနေအထိုင် ပြောင်းလဲ ကြရန် ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပုံမှန်ပြုလုပ်ကြရန်နှင့် မိမိ အလုပ်နှင့် သင့်လျော်မည့်လုပ်ကိုင်မှုပုံစံများ ပြောင်းလဲလုပ်ကိုင် ဆောင်ရွက်သွားသင့်ပါကြောင်း။       






အခြားဆက်စပ်သတင်းများ