နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်ခရိုင်အတွင်း လမ်းများကောင်းမွန်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ဦးညီ ညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇွန် ၂၇

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် ယနေ့နံနက် ပိုင်းက သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ နဝရတ်လမ်းမှ သန်လျင် ချဉ်းကပ်လမ်းအထိ ရတနာလမ်း ကွန်ကရစ်ခင်းကျင်း နေမှု၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၇) ရပ်ကွက်၊ ဆယ်ပေါက်ချောင်း ရေတံခါး ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်နေမှု၊ (၆၁) ရပ်ကွက်၊ စစ်‌တောင်းလမ်းမှ ရွှေလီလမ်းအထိ အဝေရာလမ်း ကွန်ကရစ် ခင်းကျင်းနေမှု၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၁၂၁) ရပ်ကွက်၊ ပြည်ထောင်စု လမ်းမှ မောရဝတီလမ်းအထိ အင်းဝလမ်း ကွန်ကရစ်ခင်းကျင်း နေမှု၊ (၅၂) ရပ်ကွက်၊ ရေကာတာ ပတ်လမ်းရှိ မဒရေတံခါး ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် (၂၉) ရပ်ကွက်၊ ဆရာစံလမ်းမှ ပင်လုံလမ်းအထိ မဟာဗန္ဓုလ လမ်း ကွန်ကရစ်ခင်းကျင်းနေမှု တို့ကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး                      လိုအပ်သည်များ မှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲ တွင် သာကေတမြို့နယ်၊ ၁၀/တောင် ရပ်ကွက်၊ အမှတ် (၁၂) အခြေခံပညာမူလတန်း ကျောင်းရှေ့သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က ဆောင်ရွက်နေ သည့် နဝရတ်လမ်းမှသန်လျင် ချဉ်းကပ်လမ်းအထိ ရတနာ လမ်း အရှည် ၇၀၀ ပေအား ဝဲ/ယာ အကျယ် ၁၄ ပေ၊ အောက်ခံထု ၆ လက်မ၊ အပေါ် ထု ၈ လက်မစီ လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းဝဲ/ယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၇) ရပ်ကွက်၊ ဆယ်ပေါက်ချောင်း ရေတံခါးသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီး ရေလာစီမံခန့်ခွဲမှု)က ဆယ်ပေါက် ချောင်းရေတံခါးအတွင်း အမှိုက် နှင့်နုန်းများ ဆယ်ယူရှင်းလင်း နေမှု၊ ရေတံခါးဝန်းကျင်မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေတံခါးဝန်းကျင် အမှိုက်များ သိမ်းဆည်းရှင်းလင်းရန်၊ သန့်ရှင်း သာယာလှပရေး ဆောင်ရွက် ရန်၊ ရေတံခါးအတွင်း အမှိုက် များ ပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရန်မှာကြားပြီး (၆၁) ရပ်ကွက်၌ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ဆောင်ရွက် နေသည့် စစ်တောင်းလမ်းမှ ရွှေလီလမ်းအထိ အဝေရာလမ်း အရှည် ၁၉၆၀ ‌ပေအား လမ်းဝဲ/ယာ အကျယ် ၁၅ ပေ၊ အောက်ခံထု ၆ လက်မ၊ အပေါ်ထု ၈ လက်မစီ လမ်းသား တိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ် ချိန်ကာလအတွင်း စံချိန်စံညွှန်း နှင့်အညီ ပြီးစီးရေးဆောင်ရွက် ရန်၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်း သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဆက်လက် မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၁၂၁) ရပ်ကွက်၌ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) က ဆောင်ရွက်နေသည့် ပြည်ထောင်စု လမ်းမှ မောရဝတီလမ်းအထိ အင်းဝလမ်း အရှည် ၃၂၅၀ ပေ အား လမ်းဝဲ/ယာ အကျယ် ၁၂ ပေ၊ အောက်ခံထု ၆ လက်မ၊ အပေါ်ထု ၈ လက်မစီ လမ်းသား တိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး (၅၂) ရပ်ကွက်၊ ရေကာတာ ပတ်လမ်းသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု) က မဒရေတံခါး၌ Excavator ယန္တရားယာဉ်ဖြင့် အမှိုက်နှင့်နုန်းများ ဆယ်ယူ ရှင်းလင်းနေမှုကို ကြည့်ရှု စစ်‌ဆေးပြီး ရေတံခါးဝန်းကျင် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရန် မှာကြား သည်။ အဆိုပါရေတံခါးသည် ကျန်စစ်သားလမ်း ရပ်ကွက်များမှ ရေများစီးဝင်ပြီး ၎င်းမှတစ်ဆင့် ငမိုးရိပ်ချောင်း အတွင်းသို့ ဆက်လက် စီးဆင်းလျက်ရှိ ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့် အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၂၉) ရပ်ကွက်၌ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) က ဆောင်ရွက်နေသည့် ဆရာစံ လမ်းမှ ပင်လုံလမ်းအထိ မဟာဗန္ဓုလလမ်း အရှည် ၅၂၀၀ ပေအား လမ်းဝဲ/ယာ အကျယ် ၈ ပေ၊ ထု ၈ လက်မ ကွန်ကရစ် လမ်းခင်းကျင်း‌နေမှု လုပ်ငန်း များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်ရန်၊ လမ်းဝဲ/ယာ သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။








သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - ရဲမင်းထွန်း






အခြားဆက်စပ်သတင်းများ