နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်  ဇွန်  ၂၇

၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက် တွင် ကျရောက်သည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာနှင့် အလွတ်တန်း ပြိုင်ပွဲ ဗဟိုအဆင့်နှင့် ရန်ကုန် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ များတွင် ဆုရရှိသူများအား ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန် နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ တွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြား သည်။

ဆက်လက်၍ (၃၇) ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ဗဟိုအဆင့်ဆုရရှိသူ များနှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ဆုရရှိသူများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဆုတံဆိပ် များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြိုင်ပွဲများတွင် ဆုရွေးချယ်ပေးသော အကဲဖြတ် ဒိုင်အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်း လွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်းကောင်း ပေးအပ် ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ပြခန်းနှင့် ဆုရလက်ရာများပြသ ထားရှိသည့် ပြခန်းတို့အား လှည့်လည်ကြည့်ရှု အားပေးကြ သည်။

ဗဟိုအဆင့် ပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၃၅ ဦး က ဆု ၃၈ ဆုနှင့် တိုင်းဒေသကြီး အဆင့်တွင် ၆၄ ဦးက ဆု ၈၄ ဆု ရရှိခဲ့ကြောင်းနှင့် ပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူ ၆၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။








ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ