ရန်ကုန်၊ ဇွန် ၂၆
၂၀၂၄ ခုနှစ် ခရိုင်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၅ ရက်၊ နံနက် ၉ နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ ဇာမဏီအင်းရေလှောင်တမံ ရေဝေရေလဲဧရိယာ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက် ဝင်းက ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကို ပျိုးပင်များပေးအပ်ပြီး သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များစိုက်ပျိုးပေးကြသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပွဲကို အဆိုပါဇာမဏီအင်းရေလှောင်တမံ သတ်မှတ်နေရာ၌ ပြုလုပ်ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေလဲ့ဝါသွေးက ပျိုးပင်များအား အဖွဲ့ဝင်များသို့ ပေးအပ်ပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ နှင့်အတူ သစ်ပင်များစိုက်ပျိုးပေးကြသည်။
အဆိုပါခရိုင်အဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မန်ဂျန်ရှား အပင် ၅၀၀ ၊ ပျဉ်းမအပင် ၃၀၀ ၊ မဟော်ဂနီအပင် ၁၀၀၊ မာလာလူး ကားအပင် ၁၀၀ စုစုပေါင်းပျိုးပင် ၁၀၀၀ ကို စိုက်ပျိုးပေးခဲ့ကြောင်း ခရိုင်သစ်တောဦးစီးဌာနက သိရသည်။
သန်းဝင်း (သန်လျင်)