နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့တိုင်းရင်းဆေးပညာ စနစ်တကျ ထွန်းကားပြန့်ပွားရေး

လူတိုင်းသက်တမ်းစေ့ အသက်ရှင်နိုင်ရေးနှင့် ရောဂါဘယ ကင်းရှင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်ကုသမှုခံယူခြင်းတို့ ပြုလုပ်ရ သည်။

ထိရောက်သော ကုသမှုတွင် ခေတ်မီဆေးပညာရပ်များအပြင် မြန်မာ့တိုင်းရင်းဆေးပညာသည်လည်း အပါအဝင်ဖြစ်သည်။ မြန်မာ့ တိုင်းရင်းဆေးပညာသည် သမိုင်းတန်ဖိုးမြင့်မားသည့် ရှေးဟောင်း အမွေအနှစ် တိုင်းရင်းဆေးပညာတစ်ရပ်ဖြစ်သည်။

မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့ရာသီဥတု၊ ရေ၊ မြေ၊ တော၊ တောင် မြန်မာ့ရိုးရာယဉ်ကျေးမှုရိုးရာအမွေအနှစ် ဓလေ့ ထုံးတမ်းအစဉ်အလာများ ထုံမွှမ်းလျက် တည်တံ့နေခဲ့သော ထီးနန်း သုံး တော်ဝင်ဆေးပညာလည်း ဖြစ်သည်။

ရှေးမြန်မာ တိုင်းရင်းသမားတော်များ ခေတ်အဆက်ဆက် အမွေဆက်ခံလာသော တိုင်းရင်းဆေးဝါးများ၏ ကုသနည်း များ၊ ခေတ်မီကုသနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျ သုတေသနဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေးပြဿနာများကို ကုသနိုင်သော ရလဒ်ကောင်းများရရှိနေပြီ ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်ရှီး ပြည်နယ်၊ နန်ချန်းမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံကို တက်ရောက်လျက်ရှိရာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများအကြား တိုင်းရင်းဆေးပညာရပ်များကို အပြန်အလှန် လေ့လာနိုင်ရန်၊ တိုင်းရင်းဆေးမူပိုင်ခွင့် ကိစ္စရပ်များ၊ တိုင်းရင်းဆေး တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုင်းရင်းဆေး ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဖလှယ်မှုများ ပိုမို ခိုင်မာလာစေရန်ရည်ရွယ်၍ ညီလာခံကို ကျင်းပခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့ ပူးပေါင်း၍ တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည် မြင့်မား‌ရေး မွမ်းမံသင်တန်းကို ဇွန် ၂၅ ရက်က နေပြည်တော်ရှိ          မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) အစည်းအဝေးခန်းမ တွင် ဖွင့်လှစ်ရာ သင်တန်းတွင် ကလေးရောဂါ ပညာ၊ မီးယပ်ရောဂါ ပညာ၊ ဆေးဝါးဗေဒပညာရပ်အကြောင်းကို တိုင်းရင်းဆေး တက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများက ဆွေးနွေးပို့ချပေးလျက် ရှိသည်။

ယနေ့အချိန်အခါတွင် မြို့ပြနှင့် ကျေးလက်ဒေသနေပြည်သူများ သည် မြန်မာ့တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေးဝါးများ၏ ကုသနည်းများ၊ ခေတ်မီကုသမှုနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျ၊ သုတေသနဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေး ပြဿနာများကို ကုသနိုင်သော ရလဒ်ကောင်းများ ရရှိနေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းရင်းဆေးပညာစနစ် ထွန်းကားပြန့်ပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်လာ‌ရေး ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ