နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနား သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် ကျင်းပ

ရန်ကုန်  ဇွန်  ၂၆

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ရန်ကုန်တိုင်းဒေသကြီးရုံးနှင့် သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား ကို ပညာရေးဒီဂရီကောလိပ်ပညာ နေခြည်ခန်းမ တွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ သည် ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲနှင့် သုတ/ရသ စာအုပ်စာစောင်များ၊ လူငယ်ရေးရာ အသိပညာပေးဆောင်ရွက်ချက် မှတ်တမ်းများ၊ ဓာတ်ပုံပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပညာနေခြည်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများက  ထိန်းသိမ်းစို့လေ စာပေအမွေ" သီချင်းသီဆို၍အခမ်းအနား ဖွင့်လှစ်ပေးကြသည်။         ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် “ယနေ့လူငယ်နောင်ဝယ်လူကြီး" ဆိုသည့် စကားနှင့်အညီ   အနာဂတ်နိုင်ငံတော်၏ ကဏ္ဍအသီးသီးကို  တာဝန်ယူ ဦးဆောင်ကြမည့်လူငယ်များအနေဖြင့် စာကြည့်တိုက်များကို အသုံးပြု၍ စာအုပ်စာပေများကို ဖတ်ရှုလေ့လာပြီး စာပေဆိုင်ရာ ဆွေးနွေးပွဲ၊ ဟောပြောပွဲများတွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် စာဖတ်ခြင်းဖြင့်ဘဝကို ပြောင်းလဲတိုးတက်စေပြီး ဆိုးသူကို လိမ္မာ၊  မသိသူကို သိစေ၍သိသူကို တော်စေကာ တော်သူကို ပြည့်စုံစေ ကြောင်း ပြောကြားသည်။

ထို့နောက် အလှူရှင်များက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူပေး ကြသည်။

ဆက်လက်၍ အမျိုးသားစာပေဆုရှင် စာရေးဆရာကောင်းသန့် က “စာဖတ်ခြင်းအကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် စာပေဟောပြောရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က "ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု”  အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင် ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရူအားပေးသည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ