ရန်ကုန် ဇွန် ၂၆
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် များအတွက် လူထုသိပ္ပံကျမ်းစာအုပ်များ လှူဒါန်း ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက် များ ကြီးကြပ်ရေးကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားတက်သရော စာအုပ်စာစောင်များ လှူဒါန်း ပေးနေသကဲ့သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့်လည်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်စာအုပ်လှူဒါန်းပွဲများ၊စာကြည့်တိုက်ပညာသင်တန်းများနှင့် စာကြည့်တိုက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မိသားစုက လှူဒါန်းပေးသော လူထုသိပ္ပံ ကျမ်းအတွဲ (၁) မှ အတွဲ (၅) အထိစာအုပ်များကို တိုင်းဒေသကြီး အတွင်း စာကြည့်တိုက် ၁၂၅ တိုက်အတွက် တစ်တိုက်လျှင်ငါးအုပ် နှုန်းဖြင့် စာအုပ်ပေါင်း ၆၂၅ အုပ်ကို ထပ်ဆင့်လှူဒါန်းပေးခြင်းဖြစ် ကြောင်းနှင့် စာအုပ်များ လှူဒါန်းသော အလှူရှင်များကို မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး လှူဒါန်းစာအုပ်များကို တိုင်းဒေသကြီးစာကြည့်တိုက် များ ကြီးကြပ်ရေးကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ထံ ထပ်ဆင့်လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်း ပြသထားသောလှူဒါန်းစာအုပ်များကို လှည့်လည်ကြည့်ရှုကြသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)