နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃/၂ဝ၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်  ဇွန်   ၂၆

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းသင်တန်း  အမှတ်စဉ် (၃/၂ဝ၂၄) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ နယ်မြေခံ သင်တန်းကျောင်း၌ ကျင်းပ သည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊             စစ်ဘက်နယ်ဘက်မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နယ်မြေခံသင်တန်း ကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသားများကို  အားပေး စကားပြောကြားပြီး ထောက်ပံ့ ငွေနှင့် ထောက်ပံ့ပစ္စည်းများ  ပေးအပ်သည်။

ဆက်လက်၍ နယ်မြေခံ သင်တန်းကျောင်း အုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် ကြသည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ  နယ်မြေခံသင်တန်းကျောင်း၌ ဖွင့်လှစ်သော ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂ဝ၂၄) ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ် (၁) စစ်အခြေခံလေ့ကျင့် ရေးတပ်မှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။







ဆန်းကျော်ဦး 

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ