နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး မြောက်ဥက္ကလာပမြို့နယ်အတွင်း လမ်းများ ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ

ရန်ကုန်  ဇွန်  ၂၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဌာနမှူး ဦးလင်းခိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ (၁၂) ရပ်ကွက်ရှိ အောင်ဘောဂလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေးပြီး ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ ၁၂ ထပ်ခွဲရုံး၊ ဒုတိယထပ်၊ အစည်းအဝေးခန်းမ၌ အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) အရာထမ်း၊ အမှုထမ်း များနှင့် တွေ့ဆုံမှာကြားသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် မွန်းလွဲ ၂ နာရီက မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ (၁၂) ရပ်ကွက်ရှိ အောင်ပန်းခိုင်လမ်းနှင့် ပုဂံလမ်း အကြား အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ဆောင်ရွက်နေသည့် အရှည် ၁၂၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မရှိ အောင်ဘောဂလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ချိန်ကာလအတွင်း စံချိန် စံညွှန်းနှင့်အညီ ပြီးစီးရေး ဆောင်ရွက်ရန်၊ လမ်း ဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်သည် ဗိုလ်တထောင် မြို့နယ်၊ ကုန်သည်လမ်းရှိ ၁၂ ထပ်ခွဲရုံး၊ ဒုတိယ ထပ်၊ အစည်းအဝေးခန်းမ၌ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) အရာထမ်း၊ အမှုထမ်း များနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် "ရေစီးရေလာစီမံခန့်ခွဲမှု ဌာနသည် မြို့တော် နယ်နိမိတ်အတွင်းရှိ ရေနုတ်ချောင်းမကြီးများ၊ လမ်းဘေးရေမြောင်းများ၊ Box Culvert ဖြတ် မြောင်းများ၊ ရေဆင်းနှာပေါက်များ ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ရသည့် ဌာနတစ်ခု ဖြစ်သည့်အတွက်ကြောင့် စက်ရုံ၊ အလုပ်ရုံနှင့် ဈေးများ၊  ကျောင်းများမှ  အသုံးပြုသည့်   ရေများ၊ 

မိုးရွာသွန်းချိန်တွင် လမ်းပေါ်၊ လမ်းဘေး လူသွားစင်္ကြံပေါ်မှ ရေများသည် လမ်းဘေးရေနုတ် မြောင်း၊ Box Culvert  ဖြတ်မြောင်း များအတွင်း စီးဝင်ပြီး ၎င်းမှ တစ်ဆင့် ချောင်းများ၊ မြောင်း များအတွင်းသို့ ဆက်လက် စီးဆင်းသည့်အတွက်ကြောင့် မိုးရွာသွန်းချိန်၌ လမ်းမပေါ်တွင် ရေများ တင်ကျန်မှုမရှိစေရန် ဆောင်ရွက်သွားရေး၊ ထိုသို့ ဆောင်ရွက်ရာတွင် အောက်ခြေ ရှိ အလုပ်သမားဝန်ထမ်းများကို တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ် ဆောင်ရွက်သွား ရေး၊ မြို့တော်ကြီးအတွင်းရှိ ရေမြောင်းများသည် လှိုင်မြစ်၊ ငမိုးရိပ်ချောင်းနှင့် ပဲခူးမြစ် အတွင်းသို့ စီးဝင်ကြပြီး ထိုမှ တစ်ဆင့် ရန်ကုန်မြစ်အတွင်းသို့ စီးဝင်ကြသည့်အတွက် မြစ် ထွက်ပေါက် ရေတံခါးများအား ရေတက်ချိန်၊ ရေကျချိန်များ၌ အဖွင့်၊ အပိတ် ပြုလုပ်နိုင်ရန် ကြပ်မတ်ဆောင်ရွက်သွားရေး၊ မြို့နယ်တာဝန်ခံများအနေဖြင့် မိမိမြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်ရန် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ သိရှိရန် လိုအပ်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ အနှောင့်အယှက် မဖြစ်စေရန် ချက်ချင်း တုံ့ပြန်ဆောင်ရွက် သည့် (Quick Response) စနစ် ဖြင့် လုပ်ဆောင်သွားရန် လိုအပ် ကြောင်းနှင့် မြန်မြန်၊ ဆန်ဆန်၊ ဖိဖိ၊ စီးစီးနှင့် လုပ်ငန်းအပေါ် ဂုဏ်ယူလိုသည့် စိတ်ဖြင့် စေတနာထား ဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုကြောင်း" မှာကြားသည်။







သတင်း - မိုးဝေ/

ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ