နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီး

ရန်ကုန်  ဇွန်  ၂၆

(၃၇) ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ဖမ်းဆီးရမိ မူးယစ် ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ဒဂုံဧရာကုန်တင်ယာဉ် ရပ်နားကွင်း၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မူးယစ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ (အတွင်းရေးမှူး)၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့က အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ တပ်မတော်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း(ဗဟို)ဥက္ကဋ္ဌ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင် နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသား အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မူးယစ်ဆေးဝါး ပြဿနာသည် လူသားအားလုံး အညွန့်တုံးစေပြီး ကမ္ဘာ့နိုင်ငံ အသီးသီးက တားဆီးတိုက်ဖျက် ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြကြောင်း၊ ၁၉၈၇ ခုနှစ်တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ် ဇွန် ၂၆ ရက်ကို အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ် မှတ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပခဲ့သည်မှာ (၃၇) ကြိမ် မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ် ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ သည် လူသားမျိုးနွယ်စုအပေါ် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ ကို ဆုတ်ယုတ်ပျက်စီးစေသည့် အပြင် နိုင်ငံတော် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာ ထိခိုက်စေလျက်ရှိကြောင်း၊ သို့ဖြစ် ၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ပေးပို့သော ဆောင်ပုဒ်ဖြစ် သည့်“မူးယစ်အန္တရာယ်ကင်းစင်ရေး ဘက်စုံကြိုတင် ကာကွယ်ပေး” (The Evidence is clear : Invest In Prevention) ဆောင်ပုဒ်နှင့်အညီ အလေးထား လိုက်နာဆောင်ရွက်သွားကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့်အတူ နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးတို့တွင် ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်း ရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးချုပ် ရဲမှူးချုပ် မျိုးမင်းထိုက်က ဖမ်းဆီးရမိ မူးယစ် ဆေးဝါးများ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း များ မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ဧည့်သည်တော်များက မီးရှို့ဖျက်ဆီး မည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို လိုက်လံ ကြည့်ရှုကာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ အမြန်လမ်းရဲတပ်ဖွဲ့များက ဖမ်းဆီးရမိ သော ဘိန်း ၀ ဒသမ ၂၆ ကီလို၊ ဘိန်းဖြူ ၅၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သန်း၊ အိုက်စ် ၉၅၇၄ ဒသမ ၉၄၂ ကီလို၊  ဘိန်းစာမှုန့် ၁၇၇၅ ဒသမ ၈၄ ကီလို၊ ကက်တမင်း ၂၃၈၂ ဒသမ ၂ ကီလိုကျော်၊ ဆေးခြောက် ၅၁၄ ဒသမ ၉၉၅ ကီလိုအပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၈၉ ဒသမ ၃၄၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်းကျော်) တို့ကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးလိုက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို နံနက် ၁၀ နာရီတွင်  ပြုလုပ်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့၏ဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ အဖွဲ့ဝင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံမှပေးပို့သည့် သဝဏ်လွှာအား ရန်ကုန်တိုင်း  ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်  ရေးအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဖတ်ကြားသည်။

ဆက်လက်၍ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိ သူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများကို  တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်းအများအပြား ဖမ်းဆီးရမိပြီး ဖျက်ဆီးနိုင် ခဲ့ရာ (၃၇) ကြိမ်မြောက်ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေး လုပ်ငန်းစဉ် နှစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါး ၆၅၃၉ မှု၊ တရားခံ ၈၈၅၃ ဦး၊ စုစုပေါင်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၁၀ သိန်းကျော် (၁၀၅၇၇၆၃ ဒသမ ၁၉၉၃၄ ကျပ်သန်း)အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ မူးယစ်ဆေးဝါး ၄၆၈ မှု၊ တရားခံ ၆၆၆ ဦး၊ စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ခုနစ်သောင်း ငါးထောင်ကျော် (၇၅၄၆၄ ဒသမ ၂၅ဝဝ၅ ကျပ်သန်း) ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် မူးယစ်ဆေးဝါး ၂၄၃၅ မှု၊ တရားခံ ၃၃၂၆ ဦး၊ စုစုပေါင်း တန်ဖိုးငွေကျပ် သန်းပေါင်း ငါးသိန်း နှစ်သောင်းကျော် (၅၂၄၆ဝ၅ ဒသမ ၆၇၁ဝ၇ ကျပ်သန်း) အား ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ မီးရှို့ဖျက်ဆီးလိုက်သည့် မူးယစ်ဆေးဝါး များသည် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမျိုးအစား ပေါင်း ၃၇ မျိုး၊ တန်ဖိုးအားဖြင့် မြန်မာငွေကျပ် သန်းပေါင်း နှစ်သိန်း ရှစ်သောင်းကျော် (၂၈၉၃၄၅ ဒသမ ၂၈၅၈၆၄၆၃ ကျပ်သန်း)၊ အမေရိကန် ဒေါ်လာအနေဖြင့် ယနေ့ ကာလပေါက်ဈေးအရ ဒေါ်လာ သန်းပေါင်း ၈၆ သန်းကျော် (၈၆ ဒသမ ၈၉ သန်း) ဖြစ်ကြောင်း သိရသည်။








အောင်မြင့်ဌေး (မြို့တော်သတင်း)

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ