ဇွန် ၂၃ ရက်ကမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်၍ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၆ ဦးဖြင့် အမှတ် (၂) ရပ်ကွက်၊ ရန်အောင်လမ်း ဘေးရှိ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက် ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရန်အောင် (၃) လမ်း ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်း အမှိုက်၊ မြက်ပင်နှင့် နုန်းများ ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ် ခြင်းများ ဆောင်ရွက်ကြစဉ်။
ယဉ်မွန်