ဇွန် ၂၃ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်၍ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်း များ ပူးပေါင်းအင်အား ၁၀ ဦးဖြင့် အထက်ပန်းဆိုးတန်းလမ်း (မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဂျိုးဖြူလမ်းအကြား)တွင် အရှည် ၄၀ ပေ၊ အကျယ် ၁ ပေ၊ အနက် ၁ ပေခန့် ရေမြောင်းအတွင်းမှ အမှိုက်၊ နုန်းနှင့် မြေကြီးများကို ဆယ်ယူရှင်းလင်းခြင်း၊ မြောင်းစပ်ရှိ စွန့်ပစ် အမှိုက်များ သိမ်းဆည်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက် နှင့် မြေကြီးများအား ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ် ခြင်းများ ဆောင်ရွက်ကြစဉ်။
ယဉ်မွန်