နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် နည်းပညာကျောင်းသားများ အမေရိကန်က ပြည်ဝင်ခွင့်ငြင်းဆန်

ဝါရှင်တန် ဇွန် ၂၅

ပညာရေးညီလာခံများ တက် ရောက်ရန် အမေရိကန်သို့ ရောက်ရှိ နေသော တရုတ် သိပ္ပံနှင့်နည်းပညာ ကျောင်းသားလေးဦးကို အမေရိကန် အကောက်ခွန်နှင့်နယ်စပ် ကာကွယ် ရေးအရာရှိများက ပြည်ဝင်ခွင့် ငြင်း ဆန်ထားကြောင်း သိရသည်။   

တာဝန်ရှိသူများသည် ကျောင်း သားများကို အခန်းမှောင် တစ်ခု အတွင်း ၁၀ နာရီကြာ မေးခွန်းများ မေးမြန်းခဲ့ပြီး ပုဂ္ဂလိကနှင့် မိသားစု ဆိုင်ရာ အချက်အလက်များ၊ ပညာ ရေး အကြောင်းအရာများအပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ် မှုရှိ၊မရှိ တရုတ်အစိုးရနှင့် ပူးပေါင်းခြင်း ရှိ၊မရှိတို့ကိုပါ မေးမြန်းကြောင်း သိရ သည်။  

ထို့ပြင် တိကျသော သက်သေနှင့် ဖမ်းဝရမ်းမပါရှိဘဲ ကျောင်းသား တစ်ဦး၏ လျှပ်စစ်ပစ္စည်းများကို သိမ်းယူကာ ကျန်သုံးဦးအား ပြည်ဝင် ခွင့်ငြင်းပယ်ပြီး မိသားစုများနှင့် သူငယ်ချင်းများထံလည်း ဆက်သွယ် ခွင့်မပေးကြောင်း သိရသည်။ 

အမေရိကန်သည် ပြီးခဲ့သောနှစ် များအတွင်း တရုတ် ကွန်ပျူတာ ကျောင်းသားပေါင်း ၃၀ ကျော်ကို ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်ရခြင်းသည် တရုတ်၏ သိပ္ပံနှင့်နည်းပညာတိုးတက်မှုကို ဟန့်တားစေရန်ဖြစ်သော်လည်း ယင်းသို့ ဆက်လုပ်နေပါက အမေရိ ကန်၏ နိုင်ငံတကာပုံရိပ်ကို ထိခိုက် စေမည်ဖြစ်ကြောင်း တရုတ်အာဏာ ပိုင်များက ပြောသည်။       






(ref:CMG)






အခြားဆက်စပ်သတင်းများ