နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

ရန်ကုန်၊ ဇွန် ၂၅

၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့(Day of The Seafarer) အားဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် က ကြီးမှူးပြီး စုပေါင်းသွေးလှူဒါန်းခြင်းကို ဇွန် ၂၄ ရက်၊ နံနက်ပိုင်း က ရန်ကုန်မြို့၊ အမျိုးသားသွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်း ကြသည်။ 

အဆိုပါ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းကို နှစ်စဉ် စဉ်ဆက်မပြတ် လှူဒါန်းသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမား အဖွဲ့ချုပ်အနေဖြင့် ပင်လယ်ကူးသင်္ဘောသားများ အလုပ်အကိုင်အခွင့် အလမ်း ပိုမိုရရှိလာစေရန် ဟောပြောပွဲများ ကျင်းပခြင်း၊ ကုန်းပတ် သင်္ဘောသားအခြေခံ လက်တွေ့သင်တန်းများပို့ချခြင်း၊ သင်္ဘောသား များ၏ အခက်အခဲများကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ချုပ် တစ်ခုဖြစ်သည်။






အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ