နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ရှင်းလင်းဆွေးနွေး

ရန်ကုန်  ဇွန် ၂၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် အဂတိလိုက်စားမှု ပေါ်ပေါက်နိုင်သောအခြေအနေ များကို ကြိုတင်စိစစ်ဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ခြေရှိမှုကို ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အဂတိလိုက်စားမှုမဖြစ်ပေါ်စေရေး အတွက်အသိပညာပေးခြင်း၊ တားမြစ်ထိန်းချုပ်ခြင်းတို့ကို အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက် လျက် ရှိပါသည်။ ထို့အပြင် အများပြည်သူထံကတုံ့ပြန်မှုရယူခြင်း အစီအစဉ်များကိုပါ ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးက ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ကို ယမန်နေ့က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ရုံးချုပ်စုဝေးခန်းမ၌ ကျင်းပသည်။ (ပုံ)

အဆိုပါအခမ်းအနားသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော် ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်၊ ဌာနကြီးမှူးများ၊ ခရိုင်လျှပ်စစ်မန်နေဂျာ များ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ အရာထမ်းအမှုထမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး   ဒေါ်နန်းရတနာထွန်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ​ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်နှင့် စပ်လျဉ်း၍ အသေးစိတ်ဟောပြော  ဆွေးနွေးပြီး အခမ်းအနားတက်ရောက်လာသူများ၏ မေးမြန်းမှုများ ကို ပြန်လည်ရှင်းလင်းဖြေကြားသည်။                   







ချစ်ဆောင် (YESC)






အခြားဆက်စပ်သတင်းများ