နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဆိုင်ရာစွမ်းရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၃) ဖွင့်လှစ်

ရန်ကုန် ဇွန်  ၂၅

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်း ဌာနက မြို့ပြစီမံကိန်းဆိုင်ရာ အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ မြို့ပြစီမံကိန်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၃) ကို ယနေ့နံနက် ၁၀ နာရီက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ဖွင့်လှစ်ရာ  မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က Urban Regional Planning Urban Management ခေါင်းစဉ်ဖြင့် မြို့ပြအခြေခံအဆောက်အအုံများ၊ မြို့ပြရေပေးဝေမှုဆိုင်ရာအကြောင်းအရာများ၊ ရန်ကုန်မြို့တော်နေ ပြည်သူများအား ရေလှောင်ကန်ကြီးများမှတစ်ဆင့် ရေပိုက်ကြီး များဖြင့် နေ့စဉ်သောက်သုံးရေပေးဝေနေမှုစနစ်များ၊ ရေသန့်စင်မှု နည်းစနစ်များ၊ ပင်လယ်ရေကို ရေကြည်အဖြစ် အသုံးပြုနိုင်ရန် ပြုလုပ်သည့် နည်းစနစ်များ၊ အိမ်ထောင်စုအလိုက်၊ လူဦးရေအလိုက် ရေသုံးစွဲမှုတွက်ချက်သည့်နည်းစနစ်များ၊ မြေအောက်ရေကို အလွန်အကျွံအသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ လူနေရပ်ကွက်အတွင်းရှိ အိမ်များအားရေပေးဝေရာတွင် အရေးကြီး သည့် စနစ်တကျရေပိုက်သွယ်မှုဆိုင်ရာ အကြောင်းအရာများ၊ ရေဆိုးစွန့်ပစ်မှုဆိုင်ရာစနစ်များ၊ မြို့ပြလူနေမှုစနစ်တွင် ပါဝင် သည့် ရေမြောင်းများ စနစ်တကျတည်ဆောက်ရန် လိုအပ်သည့် အကြောင်းအရာများ၊ စက်ရုံများမှ ထွက်ရှိသည့် ရေဆိုးများအား စနစ်တကျ စွန့်ပစ်ရန် လိုအပ်သည့် အကြောင်းအရာများ၊ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မြို့ပတ်ရထားများ၏အရေးပါမှု    အကြောင်းအရာများအား ပို့ချသင်ကြားပေးသည်။

မြို့ပြစီမံကိန်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှုသင်တန်းတွင် Urban Regional Planning Urban Management ကို ဒေါက်တာ ကျော်လတ်၊ ဒေါ်အေးအေးမြင့်၊ ဦးဇော်ဇော်အေး၊ ဂျာမနီနိုင်ငံ Cologne University မှ Professor Dr, Frauke Kraas တို့က လည်းကောင်း၊ IT Concept ကို ဒေါက်တာမြင့်သူဇာထွန်းက လည်းကောင်း၊ Environment Policy and Management ကို ဒေါက်တာအောင်မြင့်မော်ကလည်းကောင်း၊ Urban Socio-Economics ကို ဒေါက်တာနီလာမြင့်ထူးကလည်းကောင်း၊ Water Supply System ကို ဒေါ်သန်းသန်းစိုး ကလည်းကောင်း၊ Drainage System ကို ဦးကျော်မိုးကလည်းကောင်း၊ Traffic Assement Transportation ကို ဒေါက်တာဒေါ်ကြိုင်ကလည်းကောင်း၊ Transportation Planning ကို ဦးဉာဏ်သာကလည်းကောင်း၊ Urban Design ကို ဒေါက်တာကေခိုင်ရဲမြင့်ကလည်းကောင်၊ Housing Development ကို ဦးစိုင်းသက်နိုင်မိုးကလည်းကောင်း ပို့ချသင်ကြားပေးမည်ဖြစ်သည်။

မြို့ပြစီမံကိန်းဌာနက မြို့ပြစီမံကိန်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှုသင်တန်းများကို ၂၀၂၂ ခုနှစ်မှစတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုမြို့ပြစီမံကိန်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၃) သို့ ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီ မြို့ပြ စီမံကိန်းဌာန၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ)၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊  မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် မြို့ပြမြေစီမံခန့်ခွဲမှုဌာနတို့ မှ သင်တန်း သား/သင်တန်းသူ ၂၆ ဦး တက်ရောက်ကြပြီး ဇွန် ၄ ရက်မှ ဩဂုတ် ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်သည်။

“မြို့ပြစီမံကိန်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှုသင်တန်းကို တက်ရောက်ရတဲ့အတွက်  ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာ လိုအပ်လျက်ရှိတဲ့ အခြေခံအဆောက်အအုံတွေ၊ လမ်းတွေ၊ လမ်းကွန်ယက်တွေ၊ ပန်းဥယျာဉ်တွေ၊ ရေမြောင်းစနစ်တွေ ဒါတွေဖော်ဆောင်ရာမှာ စနစ်တကျဖြစ်စေဖို့ နည်းပညာတွေ၊ အတွေးအခေါ်တွေ ရရှိပါတယ်၊ ဒါ့ပြင်မြို့ပြဒီဇိုင်းရေးဆွဲရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက် အလက်တွေကိုလည်း လေ့လာသိရှိရပါတယ်၊ မြို့ပြမှာနေ့စဉ် ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အချက်တွေကိုလည်း လေ့လာဆည်းပူးရပါတယ်၊ ဒီသင်တန်းမှာ လာရောက်သင်ကြားပေးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကလည်း မြို့ပြနဲ့ပတ်သက်တဲ့ နိုင်ငံတကာအတွေ့အကြုံရှိပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် နိုင်ငံတကာအတွေ့အကြုံတွေကိုလည်း သိရှိ ရပါတယ်၊ ဒါ့ကြောင့် ဒီသင်တန်းကိုတက်ရောက်ရတဲ့အတွက် 

ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာများစွာအထောက်အကူပြုမှာဖြစ်ပါတယ်” ဟု မြို့ပြစီမံကိန်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှုသင်တန်းတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်း ဌာနသည် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ ကုမ္ပဏီများမှ အဆိုပြုတင်ပြလာသည့် စီမံကိန်းလုပ်ငန်းများကို စိစစ်ခွင့်ပြုခြင်း၊ မြို့ပြစီမံကိန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်း၊ မြို့တော်ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများအား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။








သတင်း/ဓာတ်ပုံ-ရဲနန္ဒာလင်းမြင့်






အခြားဆက်စပ်သတင်းများ