ရန်ကုန် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်း ရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် တာဝန်ရှိ သူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားလမ်း လူသွား စင်္ကြံပြုလုပ်နေမှု၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ငွေ ပင်လယ် စက်မှုဇုန်ရှေ့ ပန်းလှိုင် မြစ်အတွင်းသို့စီးဝင်သည့် ရေစု ကန် ရေမြောင်းဆယ်ယူတူးဖော် နေမှု၊ ရန်ကုန်နည်းပညာတက္ကသိုလ် သန့်ရှင်းသာယာ လှပရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိ မှု၊ နည်းပညာတက္ကသိုလ်အဝင် လမ်း ၁၇၆ အဝိုင်းမှတ်တိုင်၌ Bus Stand ဆောင်ရွက်နေမှု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်- ပုသိမ်လမ်းနှင့် ရန်ကုန် - ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင် တိုးချဲ့ပန်းခြံ တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဆိပ်ကမ်းသာလမ်းဘေး ရေ မြောင်း ရေစီးရေလာကောင်းမွန် ရေး ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတား အဆင်းသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ရွှေပြည်သာတံတားလမ်း (ရွှေပြည်သာ တံတားအဆင်းနှင့် ၁၄ လမ်းဆုံ အကြား) အရှည် ၂၅၀၀ ပေ၊ အကျယ် ၂ ပေရှိ လမ်းဘေးဝဲ/ယာ လူသွားကွန်ကရစ်စင်္ကြံပြုလုပ် နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေး ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေး လုပ်ငန်း များ ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်စေ ရန် ရေမြောင်းများ ဆယ်ယူရှင်းရန် မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်အရှေ့ ၌ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က လှိုင်မြစ်အတွင်းသို့စီးဝင်ရန် အရှည် ၂၆၀၀ ပေ၊ အကျယ် ၈ ပေ၊ အနက် ၈ ပေရှိ လမ်းဘေးဝဲ/ယာ မြေသားမြောင်းတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ နည်းပညာ တက္ကသိုလ်သို့ သွားရောက်၍ ကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းကျင်းထားရှိမှု၊ လမ်းလယ်မီးတိုင် များ စိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး နည်းပညာတက္ကသိုလ် အဝင် လမ်းရှိ ၁၇၆ အဝိုင်းမှတ်တိုင်၌ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အရှည် ၁၀၀ ပေ၊ အကျယ် ၁၂ ပေရှိ Bus Stand ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံ တိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ရန်ကုန် မြို့ရေပေးဝေရေးဇုန် (၉) ၏ ဂါလန် နှစ်သိန်းဆံ့ ရေစုကန်တည်ဆောက်နေမှု၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က အလျား ၁၀၈ ပေ၊ အနံ ၅၈ ပေ၊ အမြင့် ၁၄ ပေ ရှိ စုဝေးခန်းမတည်ဆောက်နေမှု၊ ဘုရင့်နောင်ပန်းခြံ တိုးချဲ့မြေနေရာနှင့် ရန်ကုန်- ပုသိမ်လမ်းကြားရှိ ရေမြောင်းကို အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ အရှည် ၁၀၅၀ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်း တည်ဆောက်ပြီးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများသတ်မှတ် စံချိန် စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန် မှာကြား ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ဘုရင့်နောင် ပန်းခြံတိုးချဲ့မြေနေရာတွင် ၁၀ ပေ ပတ်လည် ဆိုင်ခန်းပေါင်း ၃၀၀ ပါရှိသည့် ၄ ဧက ကျယ်ဝန်းသော ပျော်ပွဲရွှင်ပွဲကျင်းပရာနေရာ၊ ပွဲကြည့်စင်၊ ပဒုမ္မာကြာရေပန်း၊ ကလေးကစားကွင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန် နေရာ၊ အမှိုက်စွန့်ပစ်ရန်နေရာ၊ စုဝေးခန်းမ အဆောက် အဦနှင့် ယာဉ်အစီးရေ ၂၀၀ ရပ်နားနိုင်သည့် ယာဉ်ရပ်နားကွင်းများ ဆောင်ရွက်မည်ဖြစ်သည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်တံတားအမှတ် (၁) အနီး ရန်ကုန် - ပုသိမ်လမ်းတောင်ဘက်ခြမ်း ရေစုကန် ရေမြောင်းမှ ညောင်ချောင်းရေတံခါးသို့ အရှည် ၃၀၀ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေရှိ အုတ်ရေ မြောင်း တည်ဆောက်ထားရှိမှု၊ ဆိပ်ကမ်းသာ လမ်း ရေမြောင်း၌ အလျား ၅၀ ပေ၊ အနံ ၅ ပေ၊ အနက် ၇ ပေရှိ Box Culvert ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်း-မိုးမြင့်မောင်၊ ဓာတ်ပုံ-ရွှေဝင်း