ရေနံချောင်း ဇွန် ၂၄
အညာဒေသတွင် ထိုင်ဝမ်သင်္ဘောပင်ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး ခြင်းကနေ ဝင်ငွေရရှိနေကြောင်း မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်က ဒေသခံစိုက်ပျိုးသူများက ထိုင်ဝမ်သင်္ဘောပင်ကို အနည်းဆုံးအပင် ၂၀ ကစတင်ပြီး အပင် ၃၀ ဝန်းကျင်စိုက်ပျိုးကြကာ သင်္ဘောသီးစိမ်းတစ်လုံးလျှင် ငွေကျပ် ၁၀၀၀ ကနေ ကျပ် ၁၃၀၀ အထိရရှိကြပြီး အမှည့်တစ်လုံးလျှင် ကျပ် ၁၅၀၀ ကနေ ကျပ် ၂၀၀၀ အတွင်း ရောင်းရကြောင်း သိရသည်။
ဆန်းညွန့် ရေနံချောင်း