ပခုက္ကူ ဇွန် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း၌ ဇွန် ၂၂ ရက်၊ နံနက် ၉ နာရီက ကျောင်းကျန်းမာရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ဟောပြောပွဲတွင် ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာနက ဒုတိယမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းသူရမြင့်က မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ဆေးနှင့်ဆေးရွက်ကြီး အန္တရာယ်များ၊ မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းမင်းအောင်က နားနှင့်နားရွက် အကြောင်း၊ နားကျန်းမာရေးဆိုင်ရာ စနစ်တကျထိန်းသိမ်းရေးနည်း လမ်းများ၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ထက် အိခိုင်က လူကုန်ကူးမှုအန္တရာယ်၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနည်းလမ်းများနှင့်ဥပဒေများ၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အောင်က တိုင်းရင်းဆေးပညာအကြောင်း၊ တိုင်းရင်းဆေး ပညာဖြင့်ဆေးဝါးကုသပေးနေမှုအကြောင်းအရာများ၊ တိုင်းရင်းဆေးအမျိုးအမည်များနှင့်ကျန်းမာရေးဆိုင်ရာအသုံးပြုနိုင်မည့်နည်းလမ်း များ အကြောင်းတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါ ဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမ များ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူများ တက်ရောက် ခဲ့ကြပြီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ခဲ့ကြသည်။
ဆလိုင်းကိုကီး(CN-034)