နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မစိုးရိမ်‌ကျောင်းလမ်း သန့်ရှင်းသာယာလှပရေး

ဇွန် ၂၂ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၅၈ ဦးဖြင့် စနေအထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ လမ်းတစ်လျှောက် မြက်ပင်ချုံနွယ်များခုတ်ထွင်  ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ အဆောက်အဦခေါင်မိုးများပေါ်ရှိ သစ်ရွက်ကြွေအမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေးရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်း သစ်ခက်နှင့်မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များ အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ ဆောင်ရွက်ကြစဉ်။                                                                                                               







မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ