ဇွန် ၂၂ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၂၂၉ ဦးဖြင့် စနေအထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့် ခြင်း၊ အဆောက်အဦခေါင်မိုးများပေါ်ရှိ သစ်ရွက်ကြွေအမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်း မွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက် များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့်မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ဆောင်ရွက်ကြစဉ်။
မိုးမြင့်မောင်