ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များသည် တိုင်းဒေသကြီး ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ ၍ ယနေ့ နံနက်ပိုင်းက တွံတေး မွေးမြူရေးဇုန်၏ လုပ်ငန်းရှင် များနှင့် တွေ့ဆုံကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေလွတ်သည့် နေရာများတွင် မိမိတို့မွေးမြူထားသော တိရစ္ဆာန် များနှင့်ကိုက်ညီသည့် အစား အစာပင်များ ဖန်တီးဖော်ဆောင် စိုက်ပျိုးကြရန်၊ လျှပ်စစ်မီးရရှိ ရေး၊ လမ်းပန်းဆက်သွယ်ရေး ဆောင်ရွက်နေမှုများ၊ ကန်ကြီး ကုန်း ရေလှောင်တမံ ပြန်လည် ပြုပြင်ပြီး ဇုန်အတွင်း ရေရရှိ ရေးအတွက် ဆောင်ရွက်နေမှု များ၊ မွေးမြူရေးဇုန်က ထွက်ရှိ သော အသား၊ ငါး၊ နို့၊ နို့ထွက် ပစ္စည်းများနှင့် ဥအမျိုးမျိုးတို့ကို ရန်ကုန်မြို့နေ ပြည်သူများအတွက် အားသွန်ခွန်စိုက် ဆောင်ရွက် ခြင်းဖြင့် စားရေရိက္ခာ ဖူလုံစေ ပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရ လမ်း ပိုမိုရရှိမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များ ပြောကြားသည်။
ဆက်လက်၍ စည်ပင် သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေးက မွေးမြူရေးဇုန် အတွင်း လုပ်ငန်းလုပ်ကိုင်နေသူ များနှင့် ၎င်းတို့ မွေးမြူထားရှိ သည့် တိရစ္ဆာန်အမျိုးအစားများ နှင့် အရေအတွက်များ၊ အသား၊ ငါး၊ နို့နှင့် ဥအမျိုးမျိုး ထွက်ရှိမှု များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လုပ်ငန်းလုပ်ကိုင် နေကြသူများက ကြုံတွေ့နေရ သော လုပ်ငန်းအခက်အခဲ များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖြေရှင်း ဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဥစားကြက် ၂၄၀၀ ကောင် မွေးမြူထားရှိမှု၊ ကန်ကြီးကုန်း ရေလှောင်တမံ ပြန်လည်ပြုပြင် မည့် လုပ်ငန်းခွင်၊ ကေကေဆိတ် ခြံတွင် ဆိတ် ၂၄၅ ကောင်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ဆိတ် ၂၅၀ ကောင်၊ အသားတိုး ကြက် တစ်ခြံလျှင် ၅၁၀၀ ကောင် ဖြင့် နှစ်ခြံ ၁၀၂၀၀ ကောင် မွေးမြူထားရှိမှုများ၊ ငါးမွေးမြူ ရန် ငါးကန်ဖော်ဆောင်ထားရှိမှု၊ ရွှေဘဲကုမ္ပဏီက အသားစားဘဲ ၂၀၀၀ ကောင်နှင့် ဘဲပေါက် ၂၀၀၀ ကောင် မွေးမြူထားရှိမှု များကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး မွေးမြူရေးလုပ်ငန်းရှင်များ ကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)