နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းဘုရင် သက်တော် (၇၂) နှစ်ပြည့် အထိမ်းအမှတ် ဘတ် ၁၀၀ တန် ငွေစက္ကူအသစ် ၁၀ သန်း ထုတ်ဝေမည်

ဘန်ကောက် ဇွန် ၂၄

ထိုင်းဘုရင် မဟာဗာဂျီရာလောင် ကွန်၏ သက်တော်  ၇၂ နှစ်ပြည့် အထိမ်း အမှတ်အနေဖြင့် ဘတ် ၁၀၀ တန်ငွေစက္ကူအသစ် ၁၀ သန်း အား ထုတ်ဝေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဗဟိုဘဏ်က အသိပေးထုတ်ပြန် သည်။

လာမည့် ဇူလိုင် ၂၈ ရက်တွင် ကျရောက်မည့် ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ဇူလိုင် ၂၃ ရက်တွင် စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါငွေစက္ကူအား ယခင် ငွေ စက္ကူများနှင့် မတူညီဘဲ ဒေါင်လိုက် အနေအထားဖြင့် ထုတ်ဝေမည်ဖြစ်ပြီး ငွေအတု မလုပ်နိုင်ရန် ပိုလီမာ စက္ကူ အမျိုးအစားဖြင့် နောက်ဆုံးနည်း ပညာကိုအသုံးပြု၍ ထုတ်ဝေမည်ဖြစ် ကြောင်း သိရသည်။

ငွေစက္ကူအသစ်၏ အရှေ့မျက် နှာစာတွင် ထိုင်းဝန်ကြီးချုပ်ဆရီသာ၏ ထိုးမြဲလက်မှတ် ပါရှိမည်ဖြစ်ကာ အမှတ်တရ သိမ်းလိုသူများအနေဖြင့် ဇူလိုင် ၂၃ ရက်တွင် ထိုင်းနိုင်ငံ အစိုးရ ဘဏ်များ၌ ဝယ်ယူနိုင်ကြောင်း သိရ သည်။








(ref:Bangkok Post)






အခြားဆက်စပ်သတင်းများ