နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ် ရေမြောင်းများအတွင်း ပြည်သူများ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် မြောင်းများ ပိတ်ဆို့ပြီး ရေကြီးရေလျှံမှု မဖြစ်စေရေး

ဇွန် ၂၃ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် အမှတ် (၁) ရပ်ကွက်၊ ရန်ကင်းလမ်း (Kajima)ဆိုဒ်ဘေး၊ အမှတ် (၂) ရပ်ကွက်၊ ရန်ကင်းလမ်း ခုနစ်ပင်လိမ်ချောင်းအနီးရှိ လျှပ်စစ်ထရန်စဖော်မာအနီး၊ အမှတ် (၂) ရပ်ကွက်၊ ရန်အောင်လမ်း၊ ခုနစ်ပင်လိမ်ချောင်းဘေး၊ အမှတ် (၈) ရပ်ကွက်၊ မြစံပယ်လမ်း၊ ကျီးတော‌ချောင်း၊ အမှတ် (၉) ရပ်ကွက်၊ ပိတောက်မြိုင် လမ်း၊ အားကစားဝင်းထောင့်ရှိ ဆည်မြောင်းချောင်းအနီး၊ အမှတ် (၁၁) ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်း၊ ဆည်မြောင်းချောင်းဘေး၊ အမှတ် (၁၂) ရပ်ကွက်၊ သုခရိပ်သာလမ်းနှင့် သစ္စာလမ်းထောင့်၊ အမှတ် (၁၃) ရပ်ကွက်၊ အောင်ချမ်းသာလမ်းနှင့် အောင်ဇေယျလမ်းထောင့်၊ အမှတ် (၁၅) ရပ်ကွက်၊ မိုးကောင်းလမ်း၊ ခုနစ်ပင်လိမ်ချောင်းဘေး၊ အမှတ် (၁၅) ရပ်ကွက်၊ ပြည်သာယာလမ်းနှင့် မီးရထားသံလမ်းထောင့်၊ အမှတ် (၁၆) ရပ်ကွက်၊ ပြည်သာယာလမ်းနှင့် မိုးကောင်းလမ်းထောင့်၊ အမှတ် (၁၆) ရပ်ကွက်၊ မြောက်မြင်းပြိုင်ကွင်း PERTO ဆီဆိုင်ရှေ့ ရေမြောင်းအနီး အလျား ၆ ပေ၊ အနံ ၂ ပေ ၆ လက်မအရွယ်အစားရှိ "ရေမြောင်းထဲ အမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်" သတိပေးဆိုင်းဘုတ်များစိုက်ထူ၍ ဆိုင်းဘုတ်ဝန်းကျင် သပ်ရပ်သစ်လွင်စေရေး ဆေးသုတ်မွမ်းမံခြင်း၊ သန့်ရှင်းသာယာ လှပရေး အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။                








ယဉ်မွန်






အခြားဆက်စပ်သတင်းများ