ဇွန် ၂၂ ရက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၈၀ ဦးဖြင့် ကန်တော်ကလေး(အရှေ့ပိုင်း)ရပ်ကွက်၊ မြန်မာ့ဂုဏ်ရည်လမ်း (သိမ်ဖြူလမ်း နှင့် ၉၄ လမ်းကြား)တွင် စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ရာ လမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး အရှည် ၈၀ ပေ၊ အကျယ် ၁၀ ပေ၊ အနက် ၂ ပေခန့်ရှိ ရေမြောင်းနှင့် အရှည် ၇၀ ပေ၊ အကျယ် ၃ ပေ၊ အနက် ၂ ပေခန့်ရှိရေမြောင်းများအတွင်းမှ အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်း ခြင်း၊ ရေဆင်းဖြတ်မြောင်း နှာပေါက်များအတွင်းရှိ အမှိုက်၊သဲ၊ခဲများ ရှင်းလင်းခြင်း၊ လမ်းဘေးရှိစွန့်ပစ်အမှိုက်များ သိမ်း ဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများလှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ သစ်ပင်အောက်တက် များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်း သစ် ခက်နှင့်မြောင်းချေး များကို ယာဉ်နှစ်စီးဖြင့် သိမ်းဆည်း သယ်ယူ စွန့်ပစ်ခြင်းတို့ကိုဆောင်ရွက်ကြစဉ်။
ယဉ်မွန်