နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာကဏ္ဍ စက်စွမ်းအားဖြည့်စွမ်းဆောင်

ရန်ကုန်၊ ဇူလိုင် ၅

မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မူလအခြေအနေနှင့်ကိုက်ညီသော လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲ ဖော်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ လယ်ယာမြေများ ပြန်လည်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စက်မှုလယ်ယာ၊ စနစ်ကျလယ်မြေနှင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်လျက်ရှိသည်။

စက်မှုလယ်ယာ စနစ်ကျလယ်မြေမှာ ဆည်ရေသောက်၊ မြစ်ရေတင် ဧရိယာများတွင် ရေသွင်းရေထုတ်မြောင်း၊ ကုန်ထုတ်လမ်း၊ ရေပေးအဆောက်အအုံနှင့် နှစ်သီးသုံးသီး စိုက်ပျိုးနိုင် ရန် ရာသီမရွေး ဝင်ရောက်လုပ်ကိုင်နိုင်ရန် တစ်ဧက မြေကွက်များ ဖော်ထုတ်ခြင်း၊ စိုက်ပျိုးခြင်းမရှိဘဲ လှပ်ထား သော မူလလယ်မြေများတွင် သစ်ပင်ချုံနွယ်ရှင်းလင်းပြီး နောင်တွင်စက်မှုလယ်ယာစနစ်ကျမြေများ ဖော်ထုတ် ရန် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်သည်။

ယခုနှစ် စိုက်ပျိုးရာသီတွင် မြေယာထွန်ယက်ပြုပြင်ရာ၌ လယ်ယာလုပ်ငန်းခွင်သုံးစက်များကို အသုံးပြုမှု ပိုမိုများပြားလာသည်။ မြို့နယ်အနှံ့တွင် တွေ့မြင်လာရသည်။ ရှေးဦးသီးနှံ နွေစပါးများကို ရိတ်သိမ်းခြွေလှေ့စက် များဖြင့် ရိတ်သိမ်ခြွေလှေ့မှု များပြားလျက်ရှိရာ ရိတ်သိမ်းခြွေလှေ့စက် အငှားလိုက်သူများအဆင်ပြေသကဲ့သို့ တောင်သူလယ်သမားများလည်း စရိတ်ကြီးမြင့်မှု၊ အချိန်စောင့်ဆိုင်းရခြင်းတို့မှ လွတ်ကင်းကာ စက်များကို ယခင်နှစ်များထက် ပိုမိုသုံးစွဲလာကြသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် စွမ်းရည်မြှင့်လယ်ယာသုံးထွန်စက်များကို သုံးစွဲခြင်းဖြင့် တမန်းနက် ခြင်း၊ တမန်းညီခြင်း၊ တမန်းညက်ခြင်းများ စပါးရှင်သန်မှုအားသာချက်အဖြစ် အထောက်အပံ့ရရှိစေသည်။
 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ Covid-19 ကြောင့် တောင်သူများ ဆုံးရှုံးနစ်နာမှု ပြန်လည်ကုစားရေးအစီအစဉ်အရ မိုးစပါး မျိုးသန့်၊ မျိုးစေ့ထုတ် (RS-CS) စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက်စွမ်းရည်ပြပွဲများကို သက်ဆိုင်ရာနယ်မြေဒေသများတွင် ဆောင်ရွက်လျက် ရှိသည်။

တောင်သူလယ်သမားများ မိုးစပါးအထွက်နှုန်းများ တိုးတက်လာစေရန်ရည်ရွယ်၍ စက်မှုလယ်လာ ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ ကောက်စိုက်စက်အသုံးပြုကာ မိုးစပါးလက်တွေ့စိုက်ပျိုးပြသ ခြင်းဖြစ်သည်။ စက်မှုလယ်ယာဦးစီးဌာနတွင် လယ်ယာသုံးစက်ပစ္စည်းများ ငှားရမ်းအသုံးပြုနိုင်ကာ လယ်ယာ လုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများအား ပြေလည်မည်ဖြစ်သည်။

ယခုကဲ့သို့ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာသုံးစက်ကိရိယာများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုသုံးစွဲလာခြင်းကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အကြီးစားလယ်ယာမြေများ ပေါ်ထွန်းလာရေး အတွက် အထောက်အပံ့ ဖြစ်ပေါ်လာမည်ဖြစ်ရာ စက်မှုလယ်ယာစနစ် မကြာမီကူးပြောင်းရောက်ရှိမည်ဟု ဆိုချင်ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ