ဇွန် ၂၁ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများမှ တွဲဖက်ဝန်ထမ်းများ၊ ပူးပေါင်းအင်အား ၁၇ ဦးဖြင့် အမှတ်(၆)ရပ်ကွက်၊ ကျုံးကြီးလမ်း (လသာလမ်းနှင့် ဗိုလ်ရွဲလမ်းကြား)အတွင်း အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ လူသွားစင်္ကြံးကတ်တုံးများရေဆေးချေးချွတ်ခြင်း၊ ကမ်းနားလမ်း (တောင်ဘက်ခြမ်း) ၂၂ လမ်းထိပ်ရှိအမှတ်(၆)ရေတံခါးအတွင်း အမှိုက်နှင့်မြောင်း ချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ် အမှိုက် များ သိမ်းဆည်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း ထွက်ရှိအမှိုက်နှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့် ပစ်ခြင်းတို့ကိုဆောင်ရွက်ကြစဉ်။
ကျော်သူထက်