၂၀၁၉ နှစ် နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် စီးပွား ရေးလုပ်ငန်းများသည် ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင် သည်။ ကိုဗစ် ၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ် နိုင်ပြီးသည့်နောက် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ၎င်းတို့၏စီးပွား ရေးကဏ္ဍများ ပြန်လည်နာလန်ထူလာရေးကြိုးပမ်းဆောင် ရွက်ကြရာတွင် ခရီးသွားလုပ်ငန်းသည် အလျှင်အမြန်ဆုံး ပြန်လည်နိုးထလာနိုင်သည့် စီးပွားရေး လုပ်ငန်း ပြည်ပဝင်ငွေကို မြန်မြန်ဆန်ဆန်နှင့် များများရှာဖွေပေးနိုင်သည့် စီးပွားရေး လုပ်ငန်းတစ်ရပ် ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းထောင်ချီတည်ရှိနေဆဲဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ယူနက်စကိုအသိအမှတ် ပြု၊ မပြုရသေးသည့် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ များလည်း များစွာရှိရာ ပြည်တွင်းပြည်ပခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာများဖြစ်သည်။ မြန်မာ့ရေမြေတောတောင် သဘာဝအလှအပများ များပြားစုံလင်စွာ တည်ရှိသည်။ ဒြပ်မဲ့ဒြပ်ရှိ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများကိုလည်း ထိန်းသိမ်းစောင့် ရှောက်ထားသည်။
ခရီးသွားခြင်းသည် ကိုယ်ရောစိတ်ပါ အပန်းပြေမှု၊ ကျေနပ် ပျော်ရွှင်မှု၊ ကြည်နူးဖွယ်ခံစားမှုတို့နှင့် အတွေ့အကြုံသစ်များကို ရရှိလိုသည့်အတွက် ဒေသတစ်ခုခုဆီသို့ သွားရောက်ကြခြင်းဖြစ် သည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ခရီးသွားများ ဆွဲဆောင်ရာနေရာများ ကိုယ်စီပိုင်ဆိုင်ထားကြသည်။ ဒေသအလိုက်ကွဲပြားခြားနားမှုများ၊ ထူးခြားမှုများလည်းရှိသည်။ ခရီးသွားများသိရှိစေရန် ဖော်ထုတ်ခြင်းနှင့် စိတ်ဝင်စားလာရောက် စေရန် ဖိတ်ခေါ်ခြင်းတို့ ပြုလုပ်သွားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်များ ဝင်ရောက်မှု တိုးတက် လာစေရန်အတွက် ဈေးကွက်ရှာဖွေမြှင့်တင်ရေးနည်းလမ်း ကောင်းများ ရှာဖွေဖော်ထုတ်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်စွာအသုံးချရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ တကာခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ခရီးသွား ၂ သိန်း ၃ သောင်းကျော်၊ ၂၀၂၃ ခုနှစ်တွင် ၁ ဒသမ ၂၈ သန်း လာရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမငါးလတွင် ပြည်ပခရီးသွား ၅ သိန်း ၂ သောင်းရှိသည်ဟု သိရသည်။
ဈေးကွက်မြှင့်တင်ရေးသည် ခရီးသွားလုပ်ငန်းအတွက် အရေးပါသောအချက်ဖြစ်ရာ မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ် ခရီးသွား လုပ်ငန်းများ တိုးတက်မြှင့်တင်လာရေး သက်ဆိုင်ရာဝန်ကြီးဌာန နှင့် ကျွမ်းကျင်သူများ၏ အကြံပြုချက်များအပေါ် ကြိုတင်ပြင်ဆင် ဆောင်ရွက်စေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။