နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြည့်မြင့်တိုင်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ဆီတန်ချိန် ၅၃၀၀ ရောက်ရှိ

ရန်ကုန်   ဇွန် ၂၃

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက် မှုဖြင့်   အင်ဒိုနီးရှားနိုင်ငံက ထပ်မံတင်သွင်းလာသည့် ဆီတန်ချိန် ၅၃၀၀ ရှိ စားအုန်းဆီတင်သင်္ဘောကြီးသည် ဇွန် ၁၉ ရက် ညနေ ပိုင်းက ရန်ကုန်မြို့ ကြည့်မြင့်တိုင်မြို့နယ် ကြည့်မြင့်တိုင်အပြည် ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆီသိုလှောင်ကန်ကြီးများ၌ ဆီ တန်ချိန် ၄၀၀၀၀ကျော်ရှိကြောင်း သိရသည်။ 

“ကျွန်တော်တို့ Star ကုမ္ပဏီအနေနဲ့ အဓိက စားအုန်းဆီ တင်သွင်းတာက အင်ဒိုနီးရှားနိုင်ငံမှ တိုက်ရိုက်တင်သွင်းတာဖြစ်ပါ တယ်။ ဆိပ်ကမ်းမှာ မက်ထရစ်တန် သုံးထောင်ဆံ့တဲ့ ဆီသို လှောင်ကန် လေးကန်ရှိပါတယ်၊ အဲဒီကန်တွေထဲကို သင်္ဘောပေါ် ကနေတိုက်ရိုက် ဆီမောင်းထည့်ပါတယ်။အဲဒီဆီကန်တွေကနေပဲ စီးပွား/ကူးသန်းဝန်ကြီးဌာနက စီစဉ်ပေးမှုနဲ့ ဖြန့်ဖြူးရောင်းချပေးပါတယ်”ဟု Star Cooking ကုမ္ပဏီ တာဝန်ခံ ဦးအောင်သူက ပြောသည်။

၎င်းဆီသိုလှောင်ကန်များမှ စားသုံးဆီများကို စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက သတ်မှတ်ထားသော စျေးနှုန်း များဖြင့် ပြည်သူများ၏ လက်၀ယ်အမြန်ဆုံး ဖြန့်ဖြူးရောင်းချ နိုင်ရန် စားသုံးဆီတင်မော်တော်ယာဉ်ကြီးများဖြင့် ဆီထည့်သွင်း နေမှုကို ဇွန် ၂၁ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်း၀ယ်ရေး၀န်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။

“ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသုံးဆီများကို ပြည်တွင်းမှာ ဖူလုံရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပါတယ်။ ဖြန့်ဖြူးမှုအနေနဲ့ လက်ရှိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ စားသုံး သူများရဲ့လုိအပ်ချက်အတိုင်း အနီးစပ်ဆုံး လိုအပ်ချက်ပြည့်မီ အောင် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ် အသီးသီးကိုလည်း လိုအပ်ချက်အတိုင်း လစဉ်ဖြန့်ဖြူးပေးလျက် ရှိပါတယ်”ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောကြားသည်။                                        







အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ