ရန်ကုန် ဇွန် ၂၃
၂ဝ၂၄ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့သိုင်းဆပ်ကော် မတီဥက္ကဋ္ဌဖလား ကျောင်း ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့က တောင် ဥက္ကလာပမြို့နယ် ပဒေသာ အား ကစားခန်းမတွင်ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး မြန်မာ့သိုင်း ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်သီတာခိုင်နှင့်တာဝန် ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိ သူများ၊ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် တိုင်း ဒေသကြီး မြန်မာ့သိုင်းဆပ်ကော် မတီဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပ ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ကျေးဇူး တင် စကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒိုင်လူကြီးများနှင့် အားကစားသမားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူပြိုင်ပွဲယှဉ်ပြိုင်နေမှုများကိုကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း (၁၉)ကျောင်းနှင့်ကိုယ်ပိုင်ကျောင်း များမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦးတို့က အမျိုးသား/အမျိုးသမီးပြိုင်ပွဲ အမျိုးအစားများအလိုက် ပါဝင် ယှဉ်ပြိုင်ကြပြီး ဇွန် ၂၄ ရက်တွင် ဆုပေးပွဲအခမ်းအနားကျင်းပ မည်ဖြစ်သည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)