ရန်ကုန်၊ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး အတွင်း သန်းခေါင်စာရင်းကောက် ယူရေးဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကို ဇွန် ၂၁ ရက်က ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်ရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုသန်း ခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ သန်း ခေါင်စာရင်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ပြည်သူ လူထုအသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် သန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြ ပြီး အမွှေးနံ့သာရည်ပက်ဖျန်း ပေးကာ တက်ရောက်လာကြ သူများနှင့် ခရီးသွားပြည်သူများ ကို သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှ ပေးကြသည်။
“ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြ စို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်း ကို ပြည်သူများသိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထု အသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်း ကောက်ယူ ရေးဆိုင်ရာ ဆိုင်းဘုတ်များကို တိုင်းဒေသကြီး/ ပြည်နယ်အသီး သီးရှိ ခရိုင်အလိုက်မြို့ကြီးများ ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူ ဆောင်ရွက်လျက်ရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်း ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း စာရင်း ကောက်ကွက်ပေါင်း တစ်သိန်း တစ်သောင်း (၁၁၀၀၀၀) ခန့်ကို စာရင်းစစ်/ စာရင်းကောက် လေးသောင်းနှစ်ထောင် (၄၂၀၀၀) ခန့်ဖြင့် ကောက်ယူဆောင်ရွက် သွားမည်ဖြစ်သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)