ဇွန် ၂၁ ရက်က မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများမှ တွဲဖက်ဝန်ထမ်း များပူးပေါင်း အင်အား ၁၂ ဦးဖြင့် အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ် အောင်ကျော်လမ်း (အနော်ရထာလမ်းနှင့်ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား)တွင် ရေဆင်းဖြတ်မြောင်း နှာပေါက်များအတွင်းနှင့် လမ်းသားနှင့် လူသွားစင်္ကြန်အကြား အမှိုက်၊ သဲခဲများရှင်းလင်း ခြင်း၊ စွန့်ပစ်အမှိုက်များသိမ်းဆည်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်း သယ်ယူ စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
ယဉ်မွန်