နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်ဝေတွင် ဒုံးကျည်စက်ရုံသစ် ဖွင့်လှစ်

အော့စလို၊ ဇွန် ၂၂

နော်ဝေကာကွယ်ရေးပစ္စည်းထုတ် လုပ်သည့်ကုမ္ပဏီ ခွန်းစ်ဘာ့ဂ်သည် အနောက်နိုင်ငံများမှ လက်နက်ဝယ်လို အား များလာခြင်းကြောင့် ဒုံးကျည် စက်ရုံအသစ်တစ်ခုကို ဖွင့်လှစ်လိုက် ကြောင်း သိရသည်။

နော်ဝေသည် ၂၀၂၁ ခုနှစ်ကတည်း က ဒုံးကျည်စက်ရုံ တည်ဆောက်ရန် ဆုံးဖြတ်ထားပြီး လက်ရှိတွင်ဝယ်လို အား ကောင်းမွန်နေကာ အမေရိကန် ရေတပ်က သင်္ဘောဖျက် ဒုံးကျည် အတွက် အကွာအဝေး ကီလိုမီတာ ၂၅၀ ရောက်သည့် NSM ဒုံးကျည်များကို ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

ဒုံးကျည်စက်ရုံသစ်တွင် လူပေါင်း ၁,၂၀၀ ခန့် အလုပ်ပေးထားမည်ဖြစ်ပြီး NSM ဒုံးကျည်အပြင် F35 တိုက် လေယာဉ်များအတွက် JSMခရုဇ်ဒုံး ကျည်များကိုပါ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 NSM ဒုံးကျည်ကို လက်ရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် အသုံးပြု နေပြီး ယင်းနိုင်ငံများထဲမှ ၁၁ နိုင်ငံ သည် နေတိုး သို့မဟုတ် အီးယူ အဖွဲ့ဝင်  နိုင်ငံများ ဖြစ်သည်။               






(ref:AFP)






အခြားဆက်စပ်သတင်းများ