ဝါရှင်တန်၊ ဇွန် ၂၂
အမေရိကန်နိုင်ငံသားများကို လက်ထပ်ထားပြီး အမေရိကန် ပြည်ထောင်စုတွင် တရားမဝင် နေထိုင် နေသူများအတွက် နိုင်ငံသားဖြစ်ရေး အခွင့်အလမ်းပေးသွားမည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က ဇွန် ၂၁ ရက်တွင် ကြေညာ သည်။
ယင်းသည် ရွေးကောက်ပွဲပြုလုပ် မည့်နှစ်တွင် တရားမဝင်နေထိုင်သူ များကို နှင်ထုတ်ရန် စီစဉ်နေသည့် ဒေါ်နယ်ထရမ့်နှင့် လုံးဝဆန့်ကျင် ဘက် ဖြစ်နေပြီး အမေရိကန်-မက္ကဆီကို နယ်စပ်ရှိ ရွှေ့ပြောင်းသူ မိသားစုများကို ထရမ့်က တရားမဝင်သော တိုင်းပြည် မှ အဆိပ်အတောက်များဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည့်အတွက် ဘိုင်ဒင်က ဝေဖန်ထားကြောင်း သိရသည်။
သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် နယ်စပ် ကိစ္စ၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စများကို နိုင်ငံရေးနှင့်မရောနှောလိုဘဲ ပြုပြင် ထိန်းသိမ်းရန်သာ စိတ်ဝင်စားသည်ဟု ဆိုသည်။
ယခု အစီအစဉ်သစ်အရ အမေ ရိကန် နိုင်ငံသားနှင့်အိမ်ထောင်သက် ဆယ်နှစ်ပြည့်ပြီးသည့် တရားမဝင် နေထိုင်သူ ငါးသိန်းခန့်ကိုနိုင်ငံသား ဖြစ်ခွင့်ပေးမည်ဖြစ်ပြီး အမေရိကန် နိုင်ငံသား မိဘတစ်ဦးရှိသည့် အသက် ၂၁ နှစ်အောက် ကလေး ၅၀,၀၀၀လည်း ပါဝင်မည်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောသည်။
ယခုအစီအစဉ်ကို လာမည့် ဇူလိုင် လတွင် စတင်နိုင်ရန် ရည်မှန်းထားပြီး အမြဲတမ်း နေထိုင်ခွင့်ရရန် စောင့်ဆိုင်း ရမည့် အချိန်ကာလကိုမူ ပြောကြားခြင်း မရှိကြောင်း သိရသည်။
(ref:Reuters)