ကွာလာလမ်ပူ၊ ဇွန် ၂၂
ဆိုရှယ်မီဒီယာတွင် လောင်းကစား၊ လိမ်လည်မှုအကြောင်းအရာပေါင်း ၇ဝ ရာခိုင်နှုန်းကျော်ကို ဖယ်ရှားပြီး ဖြစ်ကြောင်း မလေးရှား ဆက်သွယ် ရေး မာလ်တီမီဒီယာကော်မရှင်(MCMC) က ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည်။
ဆိုရှယ်မီဒီယာပလက်ဖောင်း အားလုံးတွင် ဖျက်ချလိုက်သည့် အွန်လိုင်းလိမ်လည်မှုအကြောင်းအရာ ၅၃ ရာခိုင်နှုန်းသည် အွန်လိုင်းလောင်း ကစားနှင့်သက်ဆိုင်ပြီး ၁၉ ရာခိုင်နှုန်း သည် အွန်လိုင်းလိမ်လည်မှုတွင် ပါ၀င်ကာ ၁၅ ရာခိုင်နှုန်းသည် သတင်း တုများ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၆ ရာခိုင်နှုန်းသည် လူမျိုး၊ ဘာသာရေးနှင့် မင်းမျိုးမင်းနွယ်များ နှင့် ပတ်သက်ဆက်နွှယ်နေပြီး ၅ ရာခိုင်နှုန်းသည် အွန်လိုင်းနှောင့်ယှက် မှုများ တွေ့ရသဖြင့် လုံခြုံသည့် အွန်လိုင်း ပတ်ဝန်းကျင် ဖြစ်လာရန် MCMC က စည်းမျဉ်းနှင့် ဆောင်ရွက်မည်ဖြစ်သည် ဟု ဆိုသည်။ မလေးရှားသည် ၂ဝ၂၃ ခုနှစ် နှစ်ဝက်ကစ၍ ဆိုရှယ်မီဒီယာပေါ်မှ ညစ်ညမ်း အကြောင်းအရာအချို့ကို ဖယ်ရှားရန် TikTok ကို တောင်းဆို ချက် ၁,၈၆၂ ကြိမ် ပေးပို့ထားပြီး Facebook တွင် အကြောင်းအရာ ၈,၆၀၀ ခန့်ကို ကန့်သတ်ထားပြီးဖြစ်ကြောင်း သိရ သည်။
(ref:CNA)