မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ပြည်သူတို့၏ နေ့စဉ် စားသုံးမှုဘဝသည် လူမှုဆောင်တာများတွင် ခေတ်မီစနစ်ကျနမှုများ လိုအပ်နေဆဲ ဖြစ်သည်။ လက်တွေ့ဘဝတွင် လူတို့အနေဖြင့် အလွယ်တကူသက်သာမှုကို ရှာဖွေစားသောက်တတ်မှုကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည့် ဘေးထွက်ဆိုးကျိုးများ လူတို့တွင် ရရှိ ခံစားနေကြသည်လည်း အမှန်ပင် ဖြစ်သည်။
မျက်မှောက်ကာလတွင် သတိပြုရမည့်အချက်များမှာ ဇီဝ အန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင် ပါဝင်သော ပိုးမွှား နှင့် အဆိပ်အန္တရာယ်ဖြစ်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနများက စနစ်တကျ သုတေသနပြု ရှာဖွေစမ်းသပ်ဖော်ထုတ်ပြသနိုင် သဖြင့် ဆောင်ရန် ရှောင်ရန် အချက်များ ရရှိခဲ့သည်။
မြန်မာနိုင်ငံရှိ ပြည်သူတို့၏ သဘောသဘာဝနှင့်အနေအထား များအရ ပြည်သူတို့ နေ့စဉ်စားသုံးနေသော အစားအစာများကို ပြည်သူတို့ကိုယ်တိုင် အသိတရားလက်ကိုင်ထား၍ ဆင်ခြင်စား သုံးကြရမည်သာ ဖြစ်သည်။ အစားမတော် တစ်လုပ် အသွားမတော် တစ်လှမ်းဟူသည့် ဆုံးမစကား ရှိခဲ့ဖူးသည်။
၂၀၀၅ ခုနှစ်တွင် အာဖရိကတိုက်တွင်ရှိသည့် နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ဝက်များတွင် ဖြစ်ပွားတတ်သည့် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ် သော အာဖရိက ဝက်အပြင်းဖျားရောဂါစတင်ဖြစ်ပွားခဲ့သည်။ မြန်မာ နိုင်ငံတွင် ၂၀၁၉ ခုနှစ်မှစတင်၍ အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်မှုများ တွေ့ရှိခဲ့သည်။ အာဖရိကဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်သည် ခံနိုင်ရည်ရှိပြီး ပတ်ဝန်းကျင်နှင့် ဝက်ထွက်ပစ္စည်း များတွင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ကြောင်း လူသို့လွယ်ကူစွာ မကူးစက်တတ်သည့်ရောဂါဖြစ်သော်လည်း စီးပွားရေးအရ များစွာ ထိခိုက်နစ်နာမှုများဖြစ်စေနိုင်သည်။ သို့ဖြစ်ရာ အာဖရိကဝက်အပြင်း ဖျားရောဂါကာကွယ်ဆေးသုံးစွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲများကို ကျင်ပလျက်ရှိသည်။
မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဝက်နားရွက် ပြာရောဂါ စတင်ကူးစက်ပြန့်ပွားခဲ့ရာ ရောဂါရပ်စဲအောင် ထိန်းသိမ်း နိုင်ခဲ့သော်လည်း မွေးမြူသူအချို့ ဆုံးရှုံးနစ်နာခဲ့ကြရသည်။ ရောဂါ ကာကွယ်ရေးအတွက် ဝက်မွေးမြူရေးခြံ ဇီဝလုံခြုံရေးကို အထူး ဂရုပြုရန်နှင့် ခြံကို မွေးမြူရေးခြံသုံး ပိုးသတ်ဆေးဖြင့် ပိုးသတ်သန့် စင်ရန် တိရစ္ဆာန် ယာဉ်ဖြတ်သန်းသွားလာမှုကို သတိပြုရန် တစ်နိုင် တစ်ပိုင် ဝက်မွေးမြူသူများ စားကြွင်းစားကျန်များ စုဆောင်းကျွေး မွေးပါက ကျက်အောင်ချက်ပြုတ်ပြီး ဝက်များ ကျွေးမွေးရန် ဝက် မွေးမြူရေးခြံလုပ်သားများအနေဖြင့် နှာခေါင်းစည်း လက်အိတ် စနစ်တကျ အသုံးပြုရန် လိုအပ်ကြောင်း သတိပေးနှိုးဆော်ရပါ ကြောင်း ။