ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ ကျန်းမာရေးဌာနသည် အများပြည်သူများသွားလာသည့်နေရာများတွင်ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၉ ရက်က ကျောက်တံတားမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ဘဏ်လမ်း(ကုန်သည်လမ်းနှင့် ကမ်းနားလမ်း ကြား) ရှိ လမ်းဘေးစားသောက်ဆိုင်ငါးဆိုင်ကို ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများရောင်းချနိုင်ရေး ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းများ ဆောင်ရွက်ကြစဉ်။
ကျော်သူထက်